ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး


စစ်တွေ၊ ဒီဇင်ဘာ ၁၇

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီးဦးဇော်အေးမောင်တို့သည် ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဦးတင်လှနှင့်အတူ ၁၅-၁၂-၂၀၂၄ ရက်နေ့က စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်သည်နှင့်အညီ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန် လိုအပ်ပါကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကိုမထိခိုက်စေဘဲ နိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက် ရေးလုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားကြိုးမာန်တက် အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဒေသအတွင်းဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရခိုင်၊ မရမာကြီး၊ခမွီးနှင့်သက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို (ဝဲပုံ) ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး သဘာဝဘေးအန္တရာယ် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံရှိ ခြံစည်းရိုးနှင့် ဂိတ်တံခါးပြုပြင်ခြင်းလုပ်ငန်း၊ ရုံးအဆောက်အအုံအမိုး၊ မျက်နှာကြက်ပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းနှင့် အခြားအထွေထွေ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)