ပဲခူးမြို့တွင် ထုတ်လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် ထုတ်လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်



ပဲခူး , ဒီဇင်ဘာ ၁၀


MsME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် "ထုတ်လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး" သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူး) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ခင်မာသက်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံအတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းတွင် ဝင်ရောက်ဖြေဆိုမည့် လုပ်သားများ မွေးထုတ်ပေးနိုင်ရန်နှင့် အထောက်အပံ့ကောင်းများ ဖြစ်စေရန်အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူး)တွင် သင်တန်းများကို စာတွေ့၊ လက်တွေ့ သင်ခန်းစာများ သင်ကြားပို့ချနိုင်ရန် စီစဥ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသည်လည်း သင်တန်းသား၊ သင်တန်းသူများအတွက်များစွာသော အကျိုးကျေးဇူးများ ရရှိမှာဖြစ်သည့်အတွက် ကြိုးစားတက်ရောက် လေ့လာသင်ယူပေးကြရန်လိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာမ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဆရာမကြီးဒေါ်ခင်မာအေးက သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ ထုတ်လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအား ဒီဇင်ဘာလ(၉) ရက်နေ့မှ (၁၁)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသူ(၂၂)ဦးတက်ရောက် ကာ ဝါရင့်ကျွမ်းကျင်နည်းပြဆရာများမှ ကုန်ထုတ်စွမ်းအား၏ အခြေခံသဘောတရားများ၊ 5Sမှတဆင့် ကုန်ထုတ်စွမ်းအား၊ HR စီမံခန့်ခွဲမှု၊ အရည်အသွေးထိန်းချုပ်မှု၊ ခေါင်းဆောင်မှု၊ စေ့ဆော်မှု၊ ဘေးကင်းရေးနှင့် ကျန်းမာရေး၊ အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ စုစုပေါင်းအရည်အသွေး၊ ကုန်ထုတ်စွမ်းအားနှင့် ဘဝအရည်အသွေး၊ ကုန်ထုတ်စွမ်းအားမြှင့်တင်ရန် လေ့ကျင့်ရေးစနစ် စသည့်အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)