ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၈/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၈/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို


နေပြည်တော်၊ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈/၂၀၂၄)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်း ရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၈/၂၀၂၄)အား ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား  လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ၊  လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)