ဝက်လက်၊ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့သို့ဝင်ရောက်ကာ အကြမ်းဖက်အဖွဲများနှင့်အတူ ကျေးရွာအတွင်း ကင်းစောင့်ပေးခြင်း ကျူးလွန်ခဲ့သူ တရားခံ သဲဆွေငြိမ်း(ခ) မောင်သဲအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၂(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ၂-၁၂-၂၀၂၄ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်ဖြစ်သဖြင့် စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment