ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ၂ဝ၂၄ ခုနှစ် (တစ်နှစ်) အတွင်း အလုပ်အကိုင်အခွင့်အလမ်း ၂၉၂၉ဝ ဦး ဖန်တီးပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ၂ဝ၂၄ ခုနှစ် (တစ်နှစ်) အတွင်း အလုပ်အကိုင်အခွင့်အလမ်း ၂၉၂၉ဝ ဦး ဖန်တီးပေးနိုင်ခဲ့


ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/ ၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ယမန်နေ့နံနက်ပိုင်း က ရန်ကင်းမြို့နယ် တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ကော်မတီ အဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီး များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထူးဖိတ် ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းကဏ္ဍနှင့် စက်မှု ကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ် အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၁,၁၈၀ သန်း (ကျပ်တစ်ထောင့်တစ်ရာရှစ်ဆယ် သန်း) နှင့် အမေရိကန်ဒေါ်လာ ၂.၂၂၀ သန်း (အမေရိကန်ဒေါ်လာ နှစ်ဒသမနှစ်နှစ်သုညသန်း) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂,၄၄၀ ဦး ဖန်တီး ပေးနိုင်ခဲ့သည်။

ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့်ကုမ္ပဏီ ၁၃ ခု ၏ တင်ပြချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် လစဉ်အစည်းအဝေးများကို ကျင်းပနိုင်ခဲ့ပြီး ၁/၂၀၂၄ မှ ၁၂/ ၂၀၂၄ အထိ တစ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း ၆ဝ ခု ခွင့်ပြုပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁၇ ခုမှ ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၃၃ ဘီလီယံကျော်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၃ ခု အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၃ သန်းကျော် ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ၂၉၂၉ဝ ဦး ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)