ညောင်ဦး၊ ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကြအိုကျွန်းကျေးရွာ၌ ၂၇-၁၂-၂၀၂၄ ရက်နေ့ ၀၆:၃၀ အချိန်ခန့်တွင် အရပ်သားအမျိုးသား ၂ဦး ကို မျက်နှာဖုံးစွပ် အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
သေဆုံးသူများမှာ ကြအိုကျွန်းကျေးရွာရှိ အောင်သိုက်ဦး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုဇေယျာထွန်း(ခ)အောင်သိုက်ဦးနှင့် ဦးနေလင်းဆိုသူတို့ဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ ၂၇-၁၂-၂၀၂၄ ရက်နေ့ ၀၆:၃၀ အချိန်ခန့်တွင် မဇင်ဝေလင်း သည် ခင်ပွန်းဖြစ်သူ ကိုဇေယျာထွန်း(ခ)အောင်သိုက်ဦးနှင့် ဖခင်ဖြစ်သူ ဦးနေလင်း တို့နှင့်အတူ ဆိုင်တွင်ရှိနေစဉ် အမည်မသိ အကြမ်းဖက်သမား ၂ဦးမှ မျက်နှာတွင် အဝတ်များစီး၍ သေနတ်အရှည် ၂လက် ကိုင်ဆောင်ကာ ဆိုင်၏မြောက်ဘက်မှရောက်ရှိလာပြီး ၎င်းတို့ထံမှ ပိုက်ဆံ သိန်း ၅၀ကျပ်နှင့် မဇင်ဝေလင်း ဝတ်ဆင်ထားသော နားကပ်တစ်ရံ(ကာလ တန်ဖိုး ၁၀သိန်းကျပ်ခန့်)အား ချွတ်ယူပြီး ခင်ပွန်းဖြစ်သူနှင့် ဖခင်ဖြစ်သူတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် သမားများသည် လာရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားကြောင်း၊ အခင်းဖြစ်နေရာအနီးမှ ၅.၅၆ ကျည်ခွံ ၂ခု တွေ့ရှိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment