ပြည်ပြေး ဝရမ်းပြေးများထဲတွင် ခွက်ခေါက်ငွေ အလွဲသုံးစားမှုအများဆုံးမှာ ပန်ဆယ်လိုဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေးများထဲတွင် ခွက်ခေါက်ငွေ အလွဲသုံးစားမှုအများဆုံးမှာ ပန်ဆယ်လိုဖြစ်ကြောင်း သိရ


ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံတွင် အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ပြီး ဝရမ်းထုတ်ခံရပြီးနောက် အမေရိကန်သို့ ထွက်ပြေးရောက်ရှိသွားသူများထဲတွင် ပန်ဆယ်လို မှာ ခွက်ခေါက်ငွေ အလွဲသုံးစားမှု အများဆုံး ပြုလုပ်ထားသူ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးပြီး အမေရိကန်တွင် အခြေချနေထိုင်ပြီး အကြမ်းဖက်လှုပ်ရှားမှုအတွက် ခေါင်းစဉ်အမျိုးမျိုးတပ်၍ အလှူခံမှုအများဆုံး ပြုလုပ်သူမှာ ပန်ဆယ်လိုဖြစ်ပြီး အမေရိကန်တွင် အိမ်ဝယ်၊ ဆိုင်ဖွင့်ထားခြင်းမှာလည်း အများပြည်သူထံမှ ရရှိထားသော အလှူငွေများကို လိမ်လည်ရယူ၍ ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦး က " ကျွန်တော် ပြောပြမယ်ဗျာ၊ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ PDF အတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ အလှူခံတာ အဲဒီကောင်မပဲ။ ကိုမင်းကိုနိုင် တို့ ပြောလိုက်တဲ့ စကားလုံးတွေကို ယူပြီး ခေါင်းစဉ်တပ်မယ်။ အလှူခံမယ်။ လိုင်းပေါ်ကနေ ရတနာပစ္စည်းတွေ ရောင်းတာလည်း ရှိသေးတယ်နော်။ အလိမ်မိသူတွေလည်း မိကုန်ကြတယ်။ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်တာဆိုတော့ NLD ကို ထောက်ခံတဲ့သူတွေက တတ်နိုင်တဲ့ ဘက်က အလှူငွေထည့်တယ်။ ပစ္စည်းတွေ ဝယ်ယူအားပေးတယ်။ ဒီကောင်မအတွက်ကြတော့ ဂွင်ဖြစ်သွားတာပေါ့။ အဓိက ပြောချင်တာက သူ့ဆီကနေပြီးတော့ ဘယ် PDF အဖွဲ့ကို ဘယ်လောက်ပို့လိုက်ပါပြီ။ အလှူငွေလက်ခံရရှိကြောင်း မှတ်တမ်းလွှာကြီးတွေ ပြန်တင်ပြတယ်။ သူထောက်ပံ့လိုက်ပါတယ်ဆိုတဲ့ ပဒက်အဖွဲ့က မြေပြင်မှာ တကယ်ရှိချင်မှလည်း ရှိမှာ။ သူဟာသူ facebook page တစ်ခုထောင်ထားပြီး ပဒက်အဖွဲ့ပါလို့ လုပ်ထားလည်း ရတယ်လေ။ တစ်ယောက်၊ နှစ်ယောက် နဲ့ PDF အဖွဲ့ပါဆိုတာတွေက လိုင်းပေါ်မှာ ပလူပျံနေတာပဲ။ အဲဒီကောင်တွေက ကြတော့ သူတို့က တော်လှန်ရေးသမားလို့ ပြောလို့ မရတော့ဘူး။ ကြေးစာ လူသတ်သမား။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ဇော်ဝေစိုး၊ ပန်ဆယ်လို၊ ဇင်မာအောင် တို့က By Name တပ်ပြီး သတ်ခိုင်းတာတွေကို လိုက်တဲ့ တကယ့်ကြေးစား လူသတ်သမားတွေ။ မသတ်ခင်မှာ လှုပ်ရှားဖို့အတွက် ဘယ်လောက်ပေါ့ဗျာ။ အစောပိုင်းကဆိုရင် ၃သိန်း၊ ၅သိန်း ပေါ့။ သတ်ပြီးရင် ၁၀သိန်း၊ ၁၅သိန်းပေါ့။ သတ်လိုက်ပြီဆိုရင် ဓာတ်ပုံ၊ ရုပ်သံကို သူတို့ဆီပို့ပြီး ငွေတောင်းရတာ။ အဲဒီလို ရတော့မှ ပန်ဆယ်လို ဆိုတဲ့ ကောင်မ က ဘယ်အုပ်ကြီးကိုတော့ ဇွပ် ဇွပ် လုပ်လိုက်ပါပြီ။ မုန့်ဟင်းခါး ဘယ်နှပွဲ။ ဒါမျိုးတွေ ဂုဏ်ဆာတာပေါ့ဗျာ။ ဘယ်အဖွဲ့ကိုမှ သိန်း ရာနဲ့ချီထောက်ပံ့တယ်ဆိုတာ မရှိပါဘူး။ သူတို့ သတ်ခိုင်းတဲ့ mission တွေပေါ့ဗျာ။ အဲဒီလို ဟာတွေကိုပဲ အနည်းအကျဉ်းပေးတာမျိုးပါ။ ခင်ဗျား ပန်ဆယ်လိုက ထောက်ပံ့ငွေ သိန်း(၅၀)၊ သိန်း(၁၀၀) ဂုဏ်ပြုလက်မှတ်တွေက တကယ်လှုပ်ရှားနေတဲ့ အဖွဲ့တွေဆီက တက်တာမဟုတ်ဘူးလေဗျာ။ သူ့ဖာသာသူ ဖော်ရှိုးပြချင်လို့ လုပ်ထားတော့ရော ဘာတတ်နိုင်မလဲ။ သူ့ဆွေမျိုးသားချင်းတွေကို PDF အဖွဲ့အမည်ခံ facebook page တွေ ထောင်ခိုင်းပြီး အလှူခံလိုက် ဝေမျှပေးလိုက် လုပ်နေလို့ရတာပဲ။" ဟု သုံးသပ်ပြောဆိုသည်။

အမေရိကန်ရောက် ပြည်ပြေး ဝရမ်းပြေးများ အသိုင်းအဝိုင်းတွင် ခွက်ခေါက်ငွေများ အလွဲသုံးစားလုပ်သည့် ပန်ဆယ်လို ဆိုသည့် အမျိုးသမီးကို တရားစွဲဆိုနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသူများ ရှိနေပြီး ပန်ဆယ်လို ၏ အလွဲသုံးစား လုပ်ရပ်များကို ဖော်ထုတ်ပြောဆိုနေသူများလည်း ရှိသည်။

အကြမ်းဖက်လုပ်ရပ်များကြောင့် မြန်မာပြည်တွင်းရှိ ပြည်သူများ သေဆုံးနေရသည့်အပေါ် အကြမ်းဖက်လှုံ့ဆော်မှုများ ဆက်လက်ပြုလုပ်လိုခြင်း မရှိတော့သည့် သရုပ်ဆောင် ဥက္ကာမင်းမောင်ကိုလည်း ပန်ဆယ်လို က အောက်လမ်းနည်းများဖြင့် ထိုးနှက်တိုက်ခိုက်မှုများ လုပ်ဆောင်လာသည်ဖြစ်ရာ ဥက္ကာမင်းမောင် က ပန်ဆယ်လို အမေရိကန်ကို ရောက်ရှိလာပုံနှင့် နောက်ကြောင်းရာဇဝင်များကို အများပြည်သူ သိရှိအောင် ထုတ်ဖော်ပြောဆိုခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

ပန်ဆယ်လိုသည် ပြည်တွင်းရှိ နီပိန်း ပဒက် အကြမ်းဖက်သမားများအတွက်ဟု ကမ္ဘာအရပ်ရပ်မှ အလှူငွေများ ကောက်ခံရယူပြီး အမေရိကန်တွင် ကိုယ်ပိုင် အိမ်နှင့်ခြံ ဝယ်နိုင်သည့်အပြင် စတိုးဆိုင်ပါ ဖွင့်လှစ်နေထိုင်နိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)