စလင်း , ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆောင်းသီးနှံများစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံသီးနှံဖြစ်သည့် မတ်ပဲ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲလွန်း၊ ပဲယဥ်း၊ ပဲကြီး၊ စားတော်ပဲ၊ မြေပဲ အခြားပဲနှင့် သီးနှံစုံ ၆၁၁၃၆ ဧကစိုက်ပျိုးရန်လျာထားခဲ့ရာ ယမန်နေ့အထိ ပဲမျိုးစုံ ဆောင်းသီးနှံ ၃၅၉၆၅ ဧက အား စိုက်ပျိုးပြီးစီးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူဦးကြီးများမှ စိုက်ပျိုးလုပ်ကိုင်ရင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေပြီး ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရန် စိုက်ပျိုးရေးဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်းသီးနှံစုံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေပြီး သီးနှံစိုက်ပျိုးမည့်တောင်သူများ အထွက်နှုန်းကောင်းမွန်စေရေး မျိုးကောင်းမျိုးသန့်များကို ရှာဖွေစုဆောင်း၍ဖြန့်ဝေပေးခြင်း စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရေးအတွက် စိုက်ပျိုးနည်းပညာများဖြင့် လက်တွေ့သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်၍ ဓာတ်မြေသြဇာနှင့် သဘာဝပိုးသတ်ဆေးများကို အချိုးအစားကျကျ သုံးစွဲနိုင်ရန်နည်းပညာများပေး၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ဆောင်သီးနှံပဲမျိုးစုံစိုက်ပျိုးရာ၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေး ပြည်တွင်းစားသုံးမှုတည်ငြိမ်စေရန်နှင့် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်နိုင်ပြီး အရည်အသွေးပြည့်မီသော စျေးကွက်ဝင်သီးနှံမျိုးကောင်းမျိုးသန့်ရရှိ၍ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးနည်းပညာများပေးခြင်းမှာယူ၍ ဖြန့်ဖြူးပေးခြင်းများဖြင့် ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးရာ၌ ၃၅၉၆၅ ဧက စိုက်ပျိုးပြီးစီးခဲ့သည်။
မြို့နယ်အတွင်း ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးရာတွင် ဘိုကိတ် ၈၀ ဧက၊ မတ်ပဲ ၁၉၁၆ ဧက၊ မြေပဲ ၅၅၄၆ ဧက၊ ထောပတ်ပဲ ၆၁၄ ဧက၊ ကုလားပဲ ၃၉၂၈ ဧက၊ ပဲလွန်း ၆၅၃ ဧက၊ ပဲယဥ်း ၁၄၂၇ ဧက၊ ပဲကြီး ၅၉၈၅ ဧက၊ စားတော်ပဲ ၃၁၃၆ ဧက၊ အခြားပဲ ၁၂၆၈၀ ဧက၊ စုစုပေါင်း ဆောင်းသီးနှံပဲမျိုးစုံ ၃၅၉၆၅ ဧက အား စိုက်ပျိုးပြီးစီးခဲ့ကာ စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှ ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးနှင့် မိသားစုစားဝတ်နေရေးအဆင်ပြေနိုင်ရေးအတွက် ဆန်စပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာ၊ မြေပဲနှင့် စားဖိုချောင်သီးနှံများကို ဒေသအလိုက်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment