မြို့သစ် , ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင် (၄) ဦးတို့သည် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များ ရှိစက်သုံးဆီအရောင်းဆိုင်များသို့ ယမန်နေ့က လိုက်လံကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေလင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချမှု ရှိ/မရှိ၊ အကန့်အသတ်ဖြင့် ရောင်းချမှု ရှိ/မရှိ၊ ခြင်တွယ် မှန်ကန်ရောင်းချမှု ရှိ/မရှိ တို့ကိုစစ်ဆေးပြီး စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စီမံဆောင်ရွက်ထားရှိမှုနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် (Fire Safety Certificate- FSC) ရယူဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးအကြံပြုခြင်းများကို စနစ်တကျစိစစ်ဆောင်ရွက်ခဲ့ကြကြောင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment