အက်ဆစ်သယ်ကား မြစ်ထဲ ထိုးကျသွားလို့ လူအသေအပျောက်ဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

အက်ဆစ်သယ်ကား မြစ်ထဲ ထိုးကျသွားလို့ လူအသေအပျောက်ဖြစ်ပွား


 ဒီဇင်ဘာ - ၂၃ ( တနင်္လာနေ့ ) 

ဘရာဇီးနိုင်ငံက တိုကန်တင် မြစ်ကူးတံတား ပြိုကျမှုဖြစ်စဉ်တွင် ဆာလဖြူရစ်အက်ဆစ်များ တင်ဆောင်လာသော ထရက်ကားတစ်စီး မြစ်ထဲကို ထိုးကျမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် လူ ၂ ဦး သေဆုံးကာ လူအမြောက်အများ ပျောက်ဆုံးနေတယ်လို့ သတင်းရပါတယ်။ ကယ်ဆယ်ရေးလုပ်သားများအနေနဲ့ အတက်နိုင်ဆုံးကြိုးစားကြပေမဲ့ အဲဒီဓာတုယိုစိမ့်မှုကို ဘယ်လိုမှတားဆီးမရ ခဲ့ပါဘူး။ 

မာရန်ဟိုပြည်နယ်ရှိ အက်စထရီတိုမြို့နှင့် တိုကန်တင်မြို့၊ အက်ဂွီယာနိုပိုလီမြို့များကို ဆက်သွယ်ထားသည့်  ၅၅၀ မီတာ အရှည်ရှိ တံတားသည် ကားအများအပြားနှင့် ထရပ်ကား နှစ်စီးအပါအဝင် ယာဉ်အများအပြား ဖြတ်သွားစဉ် ပြိုကျခဲ့သည်။ ထရက်ကားမျာအနက်မှ တစ်စီးသည် ဆာလဖူရစ်အက်ဆစ် သယ်ဆောင်လာသည်ဟု အတည်ပြုခဲ့သော်လည်း အခြားယာဉ်၏ ပါဝင်ပစ္စည်းများကို မသိရသေးပေ။ သေဆုံးသွားသူများထဲတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ပါဝင်ပြီး အနည်းဆုံး လူရှစ်ဦး ပျောက်ဆုံးနေသည်ဟု ဒေသဆိုင်ရာ အစီရင်ခံစာများက ဖော်ပြထားသည်။

အခင်းဖြစ်ပြီးနောက် အက်ဆစ်များ ယိုစိမ့်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ထပ်မံမဖြစ်စေရန် ကယ်ဆယ်ရေးလုပ်ငန်းများကို ခေတ္တဆိုင်းငံ့ထားခဲ့သည်။ ညမိုးချုပ်သောအခါတွင် ကယ်ဆယ်ရေးတပ်ဖွဲ့မှ ရေငုပ်သမားများအစား လှေများဖြင့် ရှာဖွေရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။ အာဏာပိုင်များသည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ပါဝင်ပတ်သက်သူအားလုံး၏ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ 

 

REF - RT     

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)