ပုသိမ်, ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကြက်ဥများကို အဆိုပါ ဘဏ်ရှေ့၌ ယနေ့နံနက်ပိုင်းက ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကြက်ဥများချီးမြှင့်ပေးအပ်ရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား တစ်ဦးလျှင် ကြက်ဥ(၁၀)လုံးနှုန်းဖြင့် ကြက်ဥလုံးရေ(၁၀၀၀၀)ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ကြီးကြပ်စီစဥ်မှုဖြင့် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်တစ်ပြည်လျင် ငွေကျပ် (၃၀၀၀)နှုန်းဖြင့်လည်း ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြကာ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ငြိမ်းမြတ်နိုးဦးဆောင်သောအဖွဲ့က ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဝန်ထမ်းများအား ကြက်ဥများ ချီးမြှင့်ပေးအပ်ရာတွင် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကလည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်
https://t.me/MyanmarNationalPost
No comments:
Post a Comment