တပ်ကုန်း , ဒီဇင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ၁၉၉၇-၁၉၉၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဆရာကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
“ဒီဆရာကန်တော့ပွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ၁၉၉၇-၁၉၉၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူ သူငယ်ချင်းများ စုစည်းပါတယ်၊ တစ်ယောက်ကိုယ် တတ်နိုင်သလောက် ငွေကြေးပါဝင်ခိုင်းပါတယ်၊ ဆရာကန်တော့ပွဲ လုပ်ဖြစ်တာ အခုအကြိမ်နဲ့ဆိုရင် ဆဋ္ဌမအကြိမ်မြောက်ဖြစ်ပါတယ်၊ ပြန်ဆက်ရုံးခန်းမက အခမဲ့ဆိုတော့ ဆရာကန်တော့ပွဲအတွက် အဆင်ပြေပါတယ်” လို့ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါကန်တော့ပွဲတွင် ကျောင်းသား၊ ကျောင်းသူများက ကန်တော့ချိုးဆိုကာ ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၅၂ ဦးအား ဂါရဝပြုငွေများဖြင့် လက်အုပ်ချီကန်တော့ကြပြီး ဆရာကြီး၊ ဆရာမကြီးများက ဆုံးမဩဝါဒစကား ပြန်လည်ပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၏ကိုယ်စား ကျောင်းသားတစ်ဦးက ဆရာကန်တော့ပွဲဖြစ်မြောက်ရေး ပါဝင်အားဖြည့်ကြသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများအား အာဟာရဒါနများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost

No comments:
Post a Comment