မြိတ်၊ ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပခဲ့ရာ ရှေးဦးစွာ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများနှင့် တွဲဖက်ပါမောက္ခများအား ကျောင်းသား/ သူများအား မိတ်ဆက်ခဲ့ကြသည်။
ထို့နောက် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည် က နုတ်ခွန်းဆက် အမှာစကားပြောကြားပြီး မြိတ်တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာဝါဝါထွန်းက ဝိဇ္ဇာဘာသာရပ်များ အကြောင်းနှင့် အဏ္ဏဝါသိပ္ပံပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါက်တာချယ်ရီအောင်က သိပ္ပံဘာသာများအကြောင်းတို့ကို ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် တတိယဆုရရှိသော ဓာတုဗေဒဌာနမှ သရုပ်ပြ ဦးဟိန်းထက်စိုး၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းကဗျာပြိုင်ပွဲအင်္ဂလိပ်ဘာသာ၌ နိုင်ငံတော်အဆင့် တတိယဆုရရှိသော မြိတ်တက္ကသိုလ်ကြက်ခြေနီအသင်းဝင် မဇင်သဲခိုင်နှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် Myanmar Nation League II (2024) ဘောလုံးပြိုင်ပွဲ UNIVERSITY FC အသင်းတွင် နိုင်ငံတော်အဆင့် ဒုတိယဆုရရှိသော မြိတ်တက္ကသိုလ်ကိုယ်စားပြု မောင်နေလင်းကိုကို (ဘူမိဗေဒအထူးပြု)တို့အား ပါမောက္ခချုပ်နှင့် ဒုပါမောက္ခချုပ်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment