ဒီဇင်ဘာ - ၂၈ ( စနေနေ့ )
ဂျပန်အစိုးရသည် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းအပါအဝင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင် ဘတ်ဂျက်မူကြမ်းကို အတည်ပြုခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည့် ယန်း ၁၁၅.၅ ထရီလီယံ (ဒေါ်လာ ၇၃၀ ဘီလီယံ) ဘတ်ဂျက်အစီအစဉ်သည် လက်ရှိနှစ်တွင် ၂.၆ ရာခိုင်နှုန်း တိုးမြင့်ထားခြင်းဖြစ်ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်သည် စုစုပေါင်းဘတ်ဂျက်၏ ၇.၅ % သို့မဟုတ် အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ ၅၅ ဘီလီယံ ဖြစ်ပါတယ်။ ကျိုဒိုသတင်းဌာန၏အဆိုအရ ကာကွယ်ရေးဘတ်ဂျတ်က ၁၃ နှစ်ဆက်တိုက် တိုးလာခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ်ထက် ဝ.၅ % တိုးလာလာတာပါ။ ဘတ်ဂျက်တွင် တာဝေးပစ် ဒုံးကျည်များ အမြောက်အမြား ထုတ်လုပ်ခြင်းအတွက် ရန်ပုံငွေများ ပါဝင်တယ်လို့ အေဂျင်စီက မှတ်ချက်ပြုထားပါတယ်။
အင်ဒို-ပစိဖိတ်ဒေသရှိ နေတိုးအဖွဲ့ရဲ့မိတ်ဖက်တစ်ဦးဖြစ်တဲ့ ဂျပန်က အမေရိကန်ဦးဆောင်သော စစ်ဘက်ဆိုင်ရာ အစုအဖွဲ့၏ လိုအပ်ချက်နှင့်အညီ ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ တိုင်းပြည်စုစုပေါင်းဝင်ငွေ( GDP ) ရဲ့ ၂ % သို့ တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျပန်ရဲ့ ၂၀၂၃ GDP က $4.213 trillion ကန်ဒေါ်လာ သန်းပေါင်း ၄ သန်းကျော်ပါတယ်။ အဲ့ဒိထဲက စစ်စရိတ်အတွက် သန်းပေါင်း ၈ ထောင်ကျော်ကို သုံးမယ်လို့ ဆိုလိုတာပါ။
အောက်တိုဘာလတွင် ရာထူးတာဝန်ယူခဲ့ပြီး ယခင်က ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ က တရုတ်နှင့် မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် အာရှနေတိုးအဖွဲ့ကို ဖွဲ့စည်းရန် ကာလရှည်ကြာ ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။ ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးက နျူခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရလို့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။
အမေရိကန်စစ်တပ်က ၂နိုင်ငံပူးတွဲကာကွယ်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း နန်ရှီးကျွန်းစုတစ်လျှောက် ယာယီအခြေစိုက်စခန်းများ ထူထောင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး အေဂျင်စီက ရေးသားခဲ့ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment