မော်လမြိုင်ကျွန်း၊ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မရဲ့အုန်းပင်စုကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မာင်သွင်၊ စိုက်တိုးမြှင့်အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စက်မှုလယ်ယာစံပြစနစ်ကျလယ်မြေဧက (၁၀၀) စိုက်စနစ် (၅) ဖြင့် ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခြင်း၊ Seeder စက်ဖြင့်စိုက်ပျိုးခြင်း၊ လက်ဖြင့်စိုက်ပျိုးခြင်း၊ ကောင်စိုက်စက်ဖြင့် နယူးဧရာ (၁) စပါးမျိုးအား ကွင်းကွက်အမှတ် (၁၁၈၅-ခ)၊ ဦးပိုင်အမှတ် (၁၀/၁) တောင်သူဦးတင်အာင်သန်း၏ လယ်မြေပေါ်၌ စိုက်ပျိုးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး အစိုးရဖွဲ့ဝန်ကြီးချုပ်က မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်စေရေးအတွက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးသည့်တောင်သူများ အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် သွင်းအားစုများ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းတို့က တောင်သူများထံသို့ လိုအပ်သောသွင်းအားစုများကို ပေးအပ်ခဲ့ပြီးနောက် တောင်သူဦးတင်အောင်သန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment