မိုင်းတုံ-တာဆန်း-တောင်ကြီးသွားကားလမ်းရှိ နမ့်တုံချောင်းကူးတံတား ပြန်လည်ပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းတုံ-တာဆန်း-တောင်ကြီးသွားကားလမ်းရှိ နမ့်တုံချောင်းကူးတံတား ပြန်လည်ပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု


နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံ-တာဆန်း-တောင်ကြီးသွားကားလမ်း မိုင်တိုင် အမှတ်၊ ၁၄၆/၁၄၇ ကြားရှိ နမ့်တုံချောင်းကူးတံတား တံတားအမှတ်(၃/၂၆) တံတား အရှည် ၂၆ ပေရှိ သံကူကွန်ကရစ်တံတားမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် ရေတိုက်စားကာ ပျက်ဆီးသွားခဲ့သည်။

အဆိုပါပျက်စီးသွားသော တံတားနေရာတွင် အရှည် ၉၀ ပေရှိ သံဘောင် ဘေလီ နှစ်လွှာတစ်ထပ် တံတားအား နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ ၁၂ က နေ့/ညမပြတ် ပြန်လည်ဆောက်လုပ် လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြီးစီးမည်ဖြစ်ပြီး မိုင်းတုံ-တာဆန်း- တောင်ကြီးလမ်းအား ယာဉ်ကြီး၊ ယာဉ်ငယ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များက ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မိုင်းတုံမြို့နယ်၌ စက်တင်ဘာ လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါး ၈၆၈ ဧက ပျက်စီးသွားခဲ့ပြီး ၎င်းပျက်စီးသွားခဲ့သည့် စိုက်ပျိုးမြေနေရာတွင် ဆောင်းသီးနှံ ၃၁၁ ဧက အစားထိုး စိုက်ပျိုးထားရှိမှု အခြေအနေနှင့် နမ့်တုံချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး အတွက် သဲနှုန်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)