မိုးနဲ၊ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ၏ လစာငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကြီးကြပ်ကွပ်ကဲမှု ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြိုနယ်တွင်းလုံခြုံမှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီး လစဉ် ၁ လလျှင် ၁ ကြိမ် ဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးစိုးလင်းအောင်က အမှာစကားပြောကြားပေးခဲ့ပြီး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လစာငွေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ ကျော် အား ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ် ။
(မှတ်ချက် - CRPH, NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ကာကွယ်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ PDF အကြမ်းဖက်သမားများမှာ (ပြည်သူ့ကာကွယ်ရေး) ဟု အမည်ခံပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသော အကြမ်းဖက်အဖွဲ့ ဖြစ်သည်။)
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment