ပြည် , ဒီဇင်ဘာ ၁၆
စိုက်ပျိုးရေးဦးစီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ၊ စီမံကိန်း၊ ငွေစာရင်း) ဦးထွန်းထွန်းထွေးနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများတွေ့ဆုံ၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းထွေးကဝန်ထမ်းများအား အုပ်ချုပ်မှုနှင့် စည်းကမ်းစနစ်ကောင်းမွန်ရေး၊ အထက်/အောက် အပြန်အလှန်လေးစားမှုရှိရေး၊ စိတ်ကောင်း/စေတနာကောင်းထားရှိပြီး တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်သည့် ကျန်းမာကြံ့ခိုင်သော ပြည်သူ့အကျိုးပြုဝန်ထမ်းကောင်းများဖြစ်ရေး၊ ကိုယ်ကျင့်တရားနှင့်စိတ်ဓာတ်ကောင်းမွန်ပြီး ဝတ်စားဆင်ယင်မှုနှင့် လူမှုဆက်ဆံရေးကောင်းမွန်ရေး၊ အဂတိတရား(၄) ပါး ကင်းရှင်းရေး အစရှိသည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာပြုမူနေထိုင်ကျင့်ကြံဆောင်ရွက်ရမည့် အကြောင်းများအပါအဝင် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းက ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ဝန်ထမ်းများ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ယင်းတင်ပြချက်များနှင့် ဝန်ထမ်းများ၏ ဝန်ထမ်းရေးရာတင်ပြချက်များအပေါ် လိုအပ်သည့် လမ်းညွှန်မှုများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment