မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ (CPR)နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ရေးရာဒုတိယလက်ထောက်ဝန်ကြီး/အာဆီယံဆိုင်ရာကနေဒါအဆင့်မြင့် အရာရှိကြီးတို့အကြား အလွတ်သဘောတွေ့ဆုံသည့်အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ (CPR)နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ရေးရာဒုတိယလက်ထောက်ဝန်ကြီး/အာဆီယံဆိုင်ရာကနေဒါအဆင့်မြင့် အရာရှိကြီးတို့အကြား အလွတ်သဘောတွေ့ဆုံသည့်အစည်းအဝေးသို့ တက်ရောက်




ဂျကာတာ၊ ဒီဇင်ဘာ ၂၀

 အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၂-၁၂-၂၀၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်ဝန်ကြီး/ အာဆီယံဆိုင်ရာကနေဒါအဆင့်မြင့်အရာရှိကြီး Weldon Epp တို့ အကြားအလွတ်သဘော တွေ့ဆုံသည့်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့်။ 

တွေ့ဆုံစဉ် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် အာဆီယံနှင့် ကမ္ဘာလုံးဆိုင်ရာနိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းနှင့် အာဆီယံ-ကနေဒါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး ပြောင်းလဲဖြစ်ပေါ်လာသော ဒေသတွင်းနှင့်ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အာဆီယံဗဟိုပြုမှု (ASEAN Centrality)ကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီးကြောင်း အလေးထားဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၃-၁၂-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ် ခဲ့သော တတိယအကြိမ် အာဆီယံ-ဘရာဇီး ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မတီ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေး၌ အာဆီယံနှင့်ဘရာဇီးတွင် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများနှင့် အာဆီယံ-ဘရာဇီး ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ လက်ရှိ အာဆီယံဒေသတွင်းပေါင်းစည်းရေးအစီအစဉ်(IAI)လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌအနေဖြင့် မြန်မာအမြဲတမ်း ကိုယ်စားလှယ်က IAI Work Plan IV အကောင်အထည်ဖော်မှုအခြေအနေများနှင့် ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်နိုင်မည့်နည်းလမ်းများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၄-၁၂-၂၀၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Raffles Hotel ၌ အာဆီယံဆိုင်ရာ ချီလီသံအမတ်ကြီးမှ တည်ခင်းဧည့်ခံသော အာဆီယံ-ပစိဖိတ်မဟာမိတ်အဖွဲ့ ချစ်ကြည်ရေးနေ့လည်စာစားပွဲသို့ အာဆီယံအမြဲတမ်းကိုယ်စား လှယ်များ၊ ပစိဖိတ်မဟာမိတ်အဖွဲ့ဝင်သံအမတ်ကြီးများ/ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်၍ အာဆီယံနှင့် ပစိဖိတ်မဟာမိတ်အဖွဲ့အကြား မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အာဆီယံ-ပစိဖိတ်မဟာမိတ်အဖွဲ့ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)