တိုကျို၊ ဒီဇင်ဘာ ၂၀
ဂျပန်နိုင်ငံ၏ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီပါတီ)၏ နာဂိုယာပြည်နယ်လွှတ်တော်အမတ်များမှ ကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ ဟောပြောပို့ချပွဲအား ၁၉-၁၂- ၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)၊ ၁၅၃၀ နာရီတွင် နာဂိုယာမြို့ရှိ အယ်လ်ဒီပီပါတီအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် ပါဝင် တက်ရောက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အယ်လ်ဒီပီပါတီ၏ နာဂိုယာ ပြည်နယ်လွှတ်တော်အမတ်များ အဖွဲ့မှ ဂျပန်-မြန်မာအသင်းဥက္ကဌ Mr. Koume Matsukawa နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nakamura တို့ကအဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်က မိန့်ခွန်း ပြောကြားခဲ့ပြီး မြန်မာသံရုံး၊ တိုကျိုမြို့မှ နိုင်ငံရေး၊ စီးပွားရေးသံမှူးများက မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမေး-အဖြေကဏ္ဍကို ဆက်လက်ပြုလုပ်ခဲ့ပြီး၊ ဂျပန်-မြန်မာဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နာဂိုယာပြည်နယ်နှင့် မြန်မာ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်ရေး ကိစ္စရပ်များအပေါ် တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်အမတ်များနှင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment