အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံအား ပိုလီယိုအစက်ချ ကာကွယ်ဆေး (၂.၇၁၆)သန်း ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံအား ပိုလီယိုအစက်ချ ကာကွယ်ဆေး (၂.၇၁၆)သန်း ထောက်ပံ့လှူဒါန်း



ဂျကာတာ၊ ဒီဇင်ဘာ ၂၀

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဦးမန်ဟောက်ထန် သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပ ပြုလုပ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (၂.၇၁၆)သန်း doses of Polio bOPV ကို ပို့ဆောင်ခြင်း အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဝါးစီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Agusdini Banun Saptaningsih ၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူး Ms. Rina Setyawati၊ အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (Indonesian Agency for International Development – Indonesian AID)မှ အမှုဆောင်အရာရှိချုပ် Mr. Tor Tobing တို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)