နေပြည်တော်၊ ဒီဇင်ဘာ ၂၀
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ၁၈-၁၂-၂၀၂၄ ရက်နေ့က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(TTTC ဘယ်လင်း)တွင် Hybrid စနစ်ဖြင့် ကျင်းပသည့် ကားဝပ်ရှော့များမှ စက်ပြင်ဆရာ(မက္ကင်းနစ်များ)အတွက် ဖွင့်လှစ်သော EV နည်းပညာသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်ရှိ ပြည်သူများ EV သုံးစွဲမှုမှ အကျိုးကျေးဇူးများကို ရရှိခံစားကြစေရေးနှင့် ကမ္ဘာ့နိုင်ငံများနည်းတူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ရေးနှင့် Sustainable Future ကို ဖန်တီးတည်ဆောက်နိုင်ရေးအတွက် EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
စက်ပြင်ဆရာ(မက္ကင်းနစ်များ)၏ နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သိသင့်သော EV နည်းပညာများ၊ မဖြစ်မနေလေ့ကျင့်သင့်သော လက်တွေ့လုပ်ငန်းများဖြင့် အမှန်တကယ်တတ်မြောက်သင့်သည့် ကာလတိုသင်ရိုးကို စနစ်တကျရေးဆွဲခဲ့ပြီး ယခုသင်တန်းကို တိုးချဲ့ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း၊ သင်တန်းသားများသည် သင်တန်းကာလ(၅ရက်)အတွင်း မဆုတ်မနစ် ကြိုးပမ်းလေ့ကျင့်သင်ယူကြရန်၊ သင်တန်းပြီးချိန်တွင် သက်ဆိုင်ရာလုပ်ငန်းခွင်များ၌ ပြန်လည်မျှဝေပေးကြရန်နှင့် ပြည်သူများ၏ လက်ဝယ်အရောက် EV အသိပညာဖြန့်ဝေမှုများကို ဆက်လက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
အခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ တက်ရောက်ကြပြီး သင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ ဗို့အားမြင့်မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ် စနစ်၊ Special Hand Tools ကိုင်တွယ်အသုံးပြုပုံ၊ ပြစ်ချက်ပြဿနာရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ် ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများ အသုံးပြုကာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကားဝပ်ရှော့များမှ သင်တန်းသား ၂၆ ဦးနှင့် ဌာနဆိုင်ရာသင်တန်းသားသုံးဦး တက်ရောက်ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment