မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ ESG အစီရင်ခံစာထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ ESG အစီရင်ခံစာထုတ်ပြန်



ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ပထမဆုံးသော ESG (သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံခန့်ခွဲမှု) အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားတွင် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဋ္ဌေးက မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက မြန်မာနိုင်ငံ၏ လူမှုစီးပွားတိုးတက်မှုအပေါ် အပြုသဘော အထောက်အကူပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက အရေးပါသော အခြေခံအဆောက်အအုံစီမံကိန်းအဖြစ်သာမက ကော်ပိုရိတ်လူမှုစီးပွားတာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ စံပြစီမံကိန်း၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုအဖြစ်လည်းပဲ ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ 

Southeast Asia Crude Oil Pipeline ကုမ္ပဏီလီမိတက်နှင့် Southeast Asia Gas Pipeline ကုမ္ပဏီလီမိတက် ဒုတိယဥက္ကဋ္ဌ Li Haiping က မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက လမ်းကြောင်းတစ်လျှောက်နေရာများတွင် သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ကာ ဒေသခံပြည်သူများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဟု ကတိပြုထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

ထို့ပြင် ကုမ္ပဏီအနေဖြင့် ယဉ်ကျေးမှုပေါင်းစည်းရေးကို တက်ကြွစွာတိုးမြှင့်ဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံတွင် အောင်မြင်သောကော်ပိုရိတ်လုပ်ငန်းကြီးတစ်ခု ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ESG အစီရင်ခံစာသည် မြန်မာနိုင်ငံတွင် တရားဝင်စီမံခန့်ခွဲမှု၊ အကျိုးရှိစွာလုပ်ငန်းဆောင်ရွက်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်သမားဆိုင်ရာ လူမှုဖူလုံရေးနှင့် လူမှုစီးပွားတာဝန်ယူမှု၊ တာဝန်ခံမှု စသည့် ဦးတည်ချက်ငါးရပ်ဖြင့် စီမံကိန်းစတင်ဆောင်ရွက်ချိန်မှစ၍ Southeast Asia Crude Oil Pipeline ကုမ္ပဏီလီမိတက်နှင့် Southeast Asia Gas Pipeline ကုမ္ပဏီလီမိတက်၏ လူမှုစီးပွားတာဝန်ယူမှုများနှင့် အောင်မြင်မှုများကို အကဲဖြတ်ထားခြင်းလည်း ဖြစ်ကြောင်း သိရသည်။  


Ref - (Xinhua) 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)