EU က ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံ ထောက်ပံ့ပေးခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

EU က ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံ ထောက်ပံ့ပေးခဲ့


ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၀

ဥရောပသမဂ္ဂသည် ယူကရိန်းကို ထောက်ပံ့ရန်အတွက် ယူရို ၁၃၀ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဘရပ်ဆဲလ်တွင် ကျင်းပသည့် ဥရောပကောင်စီအစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။

“နောက်ကြောင်းပြန်ကြည့်ရင် ဥရောပဟာ အခုအချိန်အထိ ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံနီးပါး ထောက်ပံ့ပေးထားပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

သူမ၏ စကားအရဆိုလျှင် ဥရောပသမဂ္ဂသည် ယူကရိန်းကို အမေရိကန်ထက် လက်နက်များ ပိုမိုပေးအပ်ခဲ့သည်။ Ursula von der Leyen ၏ အဆိုအရ EUသည် ယူကရိန်းသို့ ပေးပို့သော လက်နက်များ၏ ၄၇% နှင့် US မှ ၄၀% ခန့်ကို ထောက်ပံ့ပေးနေကြောင်း သိရသည်။

ဘရပ်ဆဲလ်သည် လာမည့်နှစ်တွင် ယူကရိန်းနိုင်ငံသို့ ငွေကြေးအကူအညီ ယူရို ၃၀.၆ ဘီလီယံ ခွဲဝေပေးရန် အဆင်သင့်ဖြစ်နေပြီဟု အရာရှိက ဆက်လက်ပြောကြားပြီး အဆိုပါ ကိန်းဂဏန်းတွင် လက်နက်များ ပေးအပ်ခြင်းမပါဝင်ကြောင်း ပြောကြားခဲ့သည်။

NATO အဖွဲ့ အတွင်းရေးမှူးချုပ် Mark Rutte က NATO အဖွဲ့ဝင်နိုင်ငံတွေဆီက လက်နက် ၉၈ ရာခိုင်နှုန်းကို ကိယက်ဗ် အတွက် လက်ခံထားတယ်လို့ ပြောပါတယ်။


Ref - Tass

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)