မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲ ကျင်းပ


မော်လမြိုင်၊ ဒီဇင်ဘာ ၂၀

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲ(၂/၂၀၂၄) အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ စာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကားနှင့် လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားပြီး စာပေနှင့်ယဉ်ကျေးမှု တိုင်းရင်းသားရေးရာကိစ္စရပ်များအား တင်ပြခဲ့မှုအပေါ် သက်ဆိုင်ရာဌာနများမှ ဖြည့်စွက်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)