တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃,၂၂၃ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃,၂၂၃ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

 



နေပြည်တော်၊ ဒီဇင်ဘာ ၂၈

ဒီဇင်ဘာလ ၂၅ ရက်နေ့ ၁၀၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ယန်းကျောက်ကျေးရွာအနီးရှိ KTV အား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်းမှ မနန်းရှဲန်၊ မနန်းယိင်း(ခ)နန်းဖူးရီ၊ အိုက်အွန်(ခ)စိုင်းအွန် တို့နှင့်အတူ စိတ်ပြောင်းဆေးဝါး Happy Water ၁.၆၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၇၉၃ သိန်း)၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် ၎င်းတို့စီးနင်းလာသည့် မော်တော်ဆိုင်ကယ် ၃ စီးတို့အား ဖမ်းဆီးရမိခဲ့သည်။

 အလားတူ ယင်းနေ့ ၁၇ ၀၀ အချိန် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီးတွင် အိုက်ခမ်ခန်း မောင်းနှင်ပြီး စိုင်းလှကြိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် အိုက်နွံတွီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အိုက်နွံတွီ မှာ ဆိုင်ကယ်အားလှဲချ၍ ထွက်ပြေးသွားသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်း ဆေးဝါး Happy Water ၁.၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၄၃၀)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

မနန်းရှဲန်(၄၃)နှစ်၊ မနန်းယိင်း(ခ)နန်းဖူးရီ(၃၃)နှစ်၊ အိုက်အွန်(ခ)စိုင်းအွန်(၄၃)နှစ်၊ အိုက်ခမ်ခန်း(၂၀)နှစ်၊ စိုင်းလှကြိုင်(၂၀)နှစ် နှင့် အိုက်နွံတွီ တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)