အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟောင်း H.E. Dr Manmohan Singh ကွယ်လွန်မှုအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟောင်း H.E. Dr Manmohan Singh ကွယ်လွန်မှုအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး




နေပြည်တော်၊ ဒီဇင်ဘာ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ နှင့် အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက် နေ့လည်(၁)နာရီအချိန်တွင်  နေပြည်တော်၊ Park Royal Hotel ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံး ၊ ဆက်ဆံရေးရုံး၌ ဖွင့်လှစ်ထားသော အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟောင်း H.E. Dr Manmohan Singh ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ် (CONDOLENCE BOOK) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စား ဝမ်းနည်းကြောင်း လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

အသက်(၉၂)နှစ်အရွယ်ရှိ H.E. Dr Manmohan Singh သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၆)ရက်နေ့ည (၈)နာရီ(၆)မိနစ်အချိန်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)