အရာတော်၊ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ KIA, PDF အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားနေသော ကျေးရွာများတွင် ယနေ့ (၂၄-၁၂-၂၀၂၄) ရက်နေ့ ည၊ အခြားဒေသများမှာ တိုက်ပွဲဝင်ခဲ့ပြီး လက်နက်ခဲယမ်း ရရှိသည့် PDF အကြမ်းဖက်သမားများကို အခမ်းအနားဖြင့် ဂုဏ်ပြုပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဒေသခံတစ်ဦးက " အခြားမြို့နယ်တွေမှာ တိုက်ပွဲဝင်ခဲ့တဲ့ အထဲက လက်နက်ခဲယမ်းရတဲ့ PDF အကြမ်းဖက်သမားတွေကို အခမ်းအနားနဲ့ ဂုဏ်ပြုနေတာ။ လောင်းကစားဝိုင်းတွေလည်း ပါတယ်။ စည်ကားနေတာမှ ပြောမကောင်းပါဘူးဗျာ။ သက်ဆိုင်ရာ အာဏာပိုင်တွေကို သတင်းပေးလည် ဘာမှ လာမလုပ်ပါဘူး။ အဲဒီ အခမ်းအနားက မနက်ဖန် (၂၅-၁၂-၂၀၂၄)ရက်နေ့မှ ပြီးမှာ" ဟု ဆက်သွယ်ပြောဆိုသည်။
အရာတော်မြို့နယ်အတွင်း KIA, PDF အကြမ်းဖက်အဖွဲ့ အခြေပြုကျေးရွာများမှာ မကျည်းကန်ကျေးရွာအုပ်စု၊ နောင်ကြီးအိုင်အုပ်စု၊ ရေယိုအုပ်စု၊ အုပ်ရှစ်ကြီးကျေးရွာအုပ်စုများတွင် အခြေပြုလှုပ်ရှားနေခြင်းဖြစ်ပြီး ရွှေတွင်းကုန်းရွာ၊ အိုးဘိုကုန်းရွာ၊ အုတ်ရှစ်ကြီးရွာများတွင် KIA အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင် တူးဂျာဆိုသူ ရှိနေပြီး PDF ခေါင်းဆောင်များမှာ NLD လွှတ်တော်အမတ်လောင်းများ ဖြစ်သည့် ဝဏ္ဏ၊ ခင်မောင်လွင် နှင့် ဘိတ်သိတ်ဆရာ သော်က ဆိုသူတို့က ဦးဆောင်လှုပ်ရှားနေခြင်းဖြစ်သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment