အဂတိလိုက်စားမှု အလေ့အထများကို လက်မခံဘဲ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမြှင့်တင်ရာတွင် ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ယှဉ်ပြိုင်မှုဖန်တီးခြင်းများဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ကြရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှု အလေ့အထများကို လက်မခံဘဲ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမြှင့်တင်ရာတွင် ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ယှဉ်ပြိုင်မှုဖန်တီးခြင်းများဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ကြရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

 


မန္တလေး၊ ဒီဇင်ဘာ ၂၄

အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က ချမ်းအေးသာစံမြို့နယ်ရှိ MRCCI ခန်းမ၌ ကျင်းပခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၁ဝဝ ဦး တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို လက်ခံကျင်းပခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများ နှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို ဆောင်ရွက်နေရသော စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ မူဝါဒကို သိရှိနားလည်နိုင်မည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု အလေ့အထများကို လက်မခံဘဲ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမြှင့် တင်ရာတွင် ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ ဖြောင့်မတ်တည် ကြည်မှုနှင့် ယှဉ်ပြိုင်မှုဖန်တီးခြင်းများဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများကို အောင်မြင် စွာ အကောင်အထည်ဖော်ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက် ရာတွင်လည်း စီးပွားရေးကျင့် ဝတ်နှင့်အညီ လိုက်နာဆောင်ရွက် မှသာ ရေရှည်ကူးသန်းရောင်း ဝယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိမှာပင်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်းတစ် ပေါ်ပေါက်ရန်အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး လက်တွဲညီညီ ပူးပေါင်းပါဝင်ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း ကော်မရှင်အနေဖြင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိကျမှန်ကန် ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကြိုးစား အကောင်အထည်ဖော်နေသည်ကိုလည်းအသိအမှတ်ပြုပါကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် လုပ်ငန်းစဉ်များတွင် မိမိကိုယ်တိုင်ပါဝင်ကြရန်နှင့် မိမိမှစ၍ အဂတိလိုက်စားမှုများကို ငြင်းဆန် ဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင် နှင့် UMFCCI တို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြေညာချက်ကို ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ယခုလို အသိပညာ ရှင်းလင်းဆွေးနွေးခြင်းများခြင်းအားဖြင့် အဂတိလိုက်စား တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် တစ်ဦးတစ်ယောက်မှစ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်အားလုံး ပူးပေါင်းပါဝင် ရွက်လာစေရန်နှင့် အဂတိလိုက်စားမှုကို လက်မခံသည့် တည်ကြည်မှုရှိသော လူမှုအဝန်းကို ဖန်တီးဖော်ဆောင် နိုင်စေရန် ရည်ရွယ်ပါကြောင်း အဂတိလိုက်စားမှုသည် နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ တွင် ကြီးမားသည့်အဟန့်အတား တစ်ခုဖြစ်ပါကြောင်း၊ အဂတိလိုက် စားမှုပုံစံများသည် နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပုံစံ အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပါကြောင်း၊ စီးပွားရေးကဏ္ဍအနေဖြင့် တွေ့ကြုံ နိုင်ရသည့် အဂတိလိုက်စားမှုပုံစံများမှာ မလျော်သြဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်းဖြစ်ပြီး တစ်ဦးတစ် ယောက်မှဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုမှဖြစ်စေ၊ မရသင့်၊ မရထိုက်သည့် အခွင့်အရေးများကို ရရှိရန်အတွက် တံစိုးလက်ဆောင်များကိုပေး၍ အသုံးချခြင်း၊ သြဇာအာဏာများကိုအသုံးပြုပြီး လွှမ်းမိုး ဆောင်ရွက်ခြင်းမျိုးဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများသည် စီးပွားရေးကဏ္ဍများအပေါ် နည်းလမ်းမျိုးစုံဖြင့် ဆိုးကျိုးသက်ရောက် စေနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်၏ (၈)ချက် မြောက်တွင် Decent Work and Economic Growth ကောင်း မွန်သောအလုပ်နှင့် စီးပွားရေးတိုးတက်မှုဆိုသည့် အချက်ပါရှိပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ မျှတပြီး လုံခြုံစိတ်ချရ ပေးသော ဈေးကွက်များဖြစ်ပေါ်၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ကောင်းကျိုးချမ်းသာရရှိစေရန် အတွက် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးများ ဆောင်ရွက်ခြင်းသည် အလွန်အရေးပါကြောင်း၊ ကျင့်ဝတ်နှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်း ဖြောင့်မတ် အလေ့အထကောင်းများ တည် အသိုက် ဆောက်ခြင်း၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေး ဥပဒေများကို ၊ လေးစားလိုက်နာခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများကို တည်ဆောက်ခြင်းဖြင့် ကောင်းမွန်သည့် အပြောင်းအလဲများဖော်ဆောင်ရာတွင် ပုဂ္ဂလိကကဏ္ဍသည် အဓိက အရေးပါသည့် အခန်းကဏ္ဍပင်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်း (၃)သွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှုဒုစရိုက်တစ်ခုပင်ဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီးနိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်စေနိုင်ကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ကြီးမားသော အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုများကို ကော်မရှင်နှင့်အတူ ပူးပေါင်း တိုက်ဖျက်ပေးကြရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်အတွက် အဂတိလိုက်စားမှုများဖြစ်ပေါ်စေ နိုင်သည့် ပေးခြင်း၊ ယူခြင်းများကို လက်သင့်မခံဘဲ ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေး အသိုက်အဝန်းကို ဖန်းတီးဖော် ဆောင်သွားကြရမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီး ကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ပြီးနောက် တက် ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ကော်မရှင်မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)