မုံရွာ၊ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ကမ်းဘေး မြေနုကျွန်းပေါ်၌ တောင်သူဦးမြင့်စိုး စိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲများနှင့် စားဖိုဆောင်သီးနှံစိုက်ခင်းသို့ ရောက်ရှိကြသည်။
ဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများမှ မြေနုကျွန်းပေါ်၌ ဆောင်းမြေပဲနှင့် စားဖိုဆောင်သီးနှံစိုက်ခင်း ၅ ဧက စိုက်ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်းပြသကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဆောင်းမြေပဲနှင့်စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘို တောင်အင်းအတွင်းရှိ ကြက်သွန်နီအထူးဇုန်၌ တောင်သူ ၂၀ ဦးစိုက်ပျိုးထားရှိသည့် ကြက်သွန်နီ ၈၂ ဧကစိုက်ခင်းသို့ရောက်ရှိရာ မုံရွာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မုံရွာမြို့နယ်အတွင်း ကြက်သွန်နီ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ထွက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြက်သွန်နီစိုက်ပျိုးထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကြက်သွန်နီ စိုက်ပျိုးထားရှိမှုများအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ်၊ ခံတောကျေးရွာရှိ တောင်သူ ၁၇ ဦးစိုက်ပျိုးထားရှိသည့် ကြက်သွန်နီ ၄၀ ဧကစိုက်ခင်းသို့ရောက်ရှိရာ ဒေသခံတောင်သူများမှ ကြက်သွန်နီစိုက်ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်းပြသကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြက်သွန်နီအထွက်နှုန်း ကောင်းမွန်စွာရရှိရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာငုံးမွေးမြူရေးဇုန်သို့ရောက်ရှိရာ ငုံးမွေးမြူရေးဇုန်ရှိ အစည်းအဝေးခန်းမ၌ ငုံးမွေးမြူရေးလုပ်ငန်းရှင် များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံရာ ငုံးမွေးမြူရေးလုပ်ငန်းရှင်များမှ မိမိတို့ငုံးမွေးမြူရေးလုပ် ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငုံးမွေးမြူရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ငုံးမွေးမြူရေးဇုန်အတွင်း ငုံးများမွေးမြူထားရှိမှု၊ ငုံးဉများထုတ်ပိုးနေမှုများနှင့် အစာစပ်စက်ရုံတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ မုံရွာငုံးမွေးမြူရေးဇုန်အတွင်း ငုံးမွေးမြူရေးလုပ်ငန်းရှင် ၄၀ ဦးကျော်မှ ငုံးကောင်ရေ ၆ သိန်းကျော်အား ငုံးခြံ ၉၀ ဖြင့်မွေးမြူလျက်ရှိပြီး တစ်ရက်လျှင် ငုံးဉအရေ အတွက် ၅ သိန်းကျော်ထွက်ရှိရာ ဒေသတွင်းစားသုံးရန် လုံလောက်သည့်အပြင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment