ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မဲလိမ်မဲခိုးမှုများကြောင့် ပြည်ဖျက်ပါတီ NLD အာဏာလက်မဲ့ဖြစ်ပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်ရန်အတွက် အနုပညာရှင်များထံ ဖြန့်ဝေပေးထားသည့် ငွေကြေးပမာဏ အမြောက်အများကို အနုပညာရှင်များက ရယူထားကြောင်း တာဝန်သိ ပြည်သူတစ်ဦးက မြန်မာနေရှင်နယ်ပို့စ် သို့ ရေးသားပေးပို့ထားသည်။
"ပြည်သူတွေ သိစေချင်လို့ပါ" ဟု ခေါင်းစဉ်တပ်၍ ရေးသားပေးပို့ထားရာတွင် -
ဆူပူဆန္ဒပြ၊ CDM လှုံ့ဆော်မှုတွေ ပြုလုပ်စဉ်က နာမည်ကျော် အနုပညာရှင် (ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်)တွေ အများကြီးပါခဲ့တယ်။ အနုပညာနယ်ပယ်က ပုဂ္ဂိုလ်တွေပါဝင်လှုံ့ဆော်မှ ပြည်သူလူထု ပူးပေါင်းပါဝင်မှု အားကောင်းမယ်ဆိုတာကို အကွက်ကျကျ ဖန်တီးလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကိုယ့်စိတ်ဆန္ဒအရ ဆူပူဆန္ဒပြလှုံ့ဆော်မှုတွေမှာ ပါဝင်ခြင်းမရှိတဲ့ အနုပညာရှင်တွေကို တိုက်ခိုက်မှုတွေ လုပ်ပြီး ဆွဲခေါ်ခဲ့ကြတာကိုလည်း သတိပြုမိကြမယ် ထင်ပါတယ်။
အဓိကအားဖြင့် ငွေကြေးကိစ္စနဲ့ ပတ်သက်လို့ အများပြည်သူကို သိစေချင်တာပါ။ ဆူပူအကြမ်းဖက်လှုံ့ဆော်တဲ့ ဘက်မှာ ကျော်သူနဲ့ သူ့မယား ဇီးကွက်မ တို့ဆီကနေ တဆင့် အနုပညာရှင်တွေထံ ငွေတွေ ဖြန့်ပေးထားခဲ့တာ ရှိပါတယ်။ တာဝန်ရှိသူများက ကျော်သူတို့ရဲ့ နာရေးကူညီမှုရုံးခန်းကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ငွေကျပ်သိန်းပေါင်း (၆)သောင်းကျော် စိစစ်သိမ်းဆည်းရမိခဲ့တဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကျော်သူနဲ့ ဇီးကွက်မကိုတော့ ဖမ်းဆီးရမိခြင်း မရှိပါဘူး။ အခုဆို ကျော်သူ၊ ဇီးကွက်မ တို့ ဘယ်ရောက်နေမှန်းတောင် ဘယ်သူမှ မသိကြတော့ဘူး။ ဖမ်းဆီးရမိတဲ့ ပမာဏက သိန်းပေါင်း ၆သောင်းကျော်၊ သူတို့လက်ထဲမှာ ဘယ်လောက်ပါသွားသလဲဆိုတာ ဘယ်သူမှ မသိရဘူး။ နာမည်ကြီး အဆိုတော်မ တစ်ယောက်ထံကနေ သိန်းပေါင်း သောင်းနဲ့ချီ စိစစ်ဖော်ထုတ်နိုင်ခဲ့တာ တစ်ခုရှိတယ်။ အစိုးရက သိမ်းခဲ့သလား၊ မသိမ်းခဲ့ဘူးလား သေချာထုတ်ပြန်တာမျိုးလည်း မရှိဘူး။
နောက်ထပ် မင်းကိုနိုင် တို့အဖွဲ့ထံကို ပြည်ပကနေ ဝင်လာတဲ့ အမေရိကန်ဒေါ်လာ (၅)သန်း မှာ (၁)သန်းကျော် ထုတ်သုံးပြီးပြီ။ အစိုးရက (၃)သန်းကျော်လောက် သိမ်းဆည်းလိုက်နိုင်တယ်။ ဒါက တရားဝင်သတင်းထွက်ခဲ့တဲ့ ငွေကြေးပမာဏကို ပြောခြင်း ဖြစ်ပါတယ်။
တကယ်တန်း CDM လှုံ့ဆော်မှု၊ အကြမ်းဖက်လှုံ့ဆော်မှုမှာ အဓိက ဦးဆောင်ခဲ့တဲ့ အနုပညာရှင်များထဲက ဒါရိုက်တာ ဝိုင်း၊ လူမင်း၊ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်၊ ပိုင်တန်ခွန် တို့ က အဖမ်းခံပြီး ငွေတွေကို ဖျောက်လိုက်ကြတယ်။ သူတို့ဆီကနေ အဓိကအားဖြင့် ငွေတွေ ဖြန့်ကျက်ခဲ့တာဖြစ်တယ်။ သူတို့တွေက အဖမ်းခံတယ်လို့ ပြောတယ်။ အစိုးရက လွတ်ငြိမ်းချမ်းသာပေးပြီး ပြန်လွှတ်ပေးခဲ့တယ်။ ဆူပူအကြမ်းဖက်လှုံ့ဆော်ဖို့ သူတို့ လက်ခံရယူထားတဲ့ ငွေတွေနဲ့ ပတ်သက်လို့ ဘာတစ်ခွန်းမှ အသံထွက်မလာတော့ဘူး။ အားလုံးက မြုံနေကြတယ်။
ရန်ကုန်မြို့ပေါ်မှာ ဆူပူဆန္ဒပြ၊ CDM လှုံ့ဆော်မှုတွေ လိုက်လုပ်စဉ်က ထမင်းဗူးတွေ၊ ခေါက်ဆွဲကြော်ဗူးတွေထဲမှာ ၅ထောင်၊ ၁၀၀၀၀ ထည့်ပေးပြီး ဆန္ဒပြပွဲထဲ ပါလာတဲ့ လူငယ်တွေကို ဝေပေးတယ်။ လူငယ်တွေကလည်း စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထမင်းဗူး ၃ဗူးလောက် ရရင် ၃သောင်းလောက် ရနေတော့ နေ့စဉ်နေ့တိုင်း ဒီအထဲမှာ ဟေးလားဝါးလား လာလုပ်ကြတာပေါ့။ အဲဒီလို ကနေ အကြမ်းဖက်သင်တန်းတက်ဖို့ ငွေကြေးထောက်ပံ့ပေးပြီး လူငယ်တွေကို တောထဲ လွှတ်ကြတယ်။ လူငယ်တွေက အသုံးချခံ၊ ရာဇဝတ်ကောင်တွေ ဖြစ်ကုန်ပြီ။
ငွေကြေးပမာဏ သိန်းပေါင်း ထောင်နဲ့ချီ၊ သိန်းပေါင်း သောင်းနဲ့ချီ ရယူထားတဲ့ အနုပညာရှင်တွေကတော့ သူတို့ ရယူထားတဲ့ ငွေကြေးတွေနဲ့ ပတ်သက်လို့ အသံမထွက်ကြတော့ဘူး။ မြေအောက်လှုပ်ရှားမှုမှာပဲ အသုံးပြုနေသလား။ အကြမ်းဖက်သမားတွေကို လက်သိပ်ထိုး ငွေပေးပြီး လူသတ်ခိုင်းတာမျိုးတွေ လုပ်နေသလား စိစစ်ဖို့တော့ လိုပါတယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်ပြီး CDM လှုံ့ဆော်ခဲ့တဲ့ ထိပ်တန်း အနုပညာရှင်တချို့ အဖမ်းခံခဲ့တယ်။ ထောင်ထဲသွားခဲ့တယ်။ သူတို့ဆီမှာ ရှိနေတဲ့ ငွေကြေးတွေနဲ့ ပတ်သက်လို့ ဘာမှ စိစစ် ထုတ်ပြန်ပေးတာ မရှိခဲ့ပါဘူး။ အများပြည်သူ သိစေချင်လို့ပါ။ ဒီထက်ပိုပြီး တိုင်းပြည်တွင်းမှာ ဆူပူအကြမ်းဖက်မှုတွေနဲ့ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေမှုတွေကို မဖြစ်စေချင်တော့ပါဘူး။ အကြမ်းဖက်လှုပ်ရှားမှု အဆုံးသတ်သင့်ပြီ။
ဟု ရေးသားပေးပို့ လာခြင်းဖြစ်သည်။
ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွင် အနုပညာရှင်များစွာ ပါဝင်ခဲ့ကြပြီး အချို့သော အနုပညာရှင်များ အကြမ်းဖက်လှုံ့ဆော်မှုများတွင် ဆက်လက်ပါဝင်ခြင်း မရှိတော့ခြင်းကြောင့် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်ခြင်းကို ခံနေကြရသည်။ အချို့သော အနုပညာရှင်များမှာ ဖမ်းဆီးခံခဲ့ရပြီး အစိုးရက ပြစ်ဒဏ်များ လျော့ပေါ့ပေးခဲ့သည်။ ပြည်ပသို့ ထွက်ပြေးရောက်ရှိသွားသည့် ဝရမ်းပြေး အနုပညာရှင်များမှာ အကြမ်းဖက်လှုံ့ဆော်မှုများ ဆက်လက် လုပ်ဆောင်နေကြဆဲဖြစ်သည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment