ပုသိမ်ကြီးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ လယ်ယာမြေ မှတ်ပုံတင်စာအုပ် ထုတ်ပေးခြင်းနှင့် ပတ်သက်၍ စိစစ်ပေးပါရန် (အိတ်ဖွင့်ပေးစာ) - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်ကြီးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ လယ်ယာမြေ မှတ်ပုံတင်စာအုပ် ထုတ်ပေးခြင်းနှင့် ပတ်သက်၍ စိစစ်ပေးပါရန် (အိတ်ဖွင့်ပေးစာ)






မန္တလေးမြို့၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာ ကွင်းအမှတ်(၅၁၈-က) ဦးပိုင်အမှတ်(၁၁၈/၂) (၁.၃၃ ဧက) နှင့် ပတ်သက်၍ ကျွန်တော် ဦးထွန်းသင်း(ဘ) ဦးဘကျော် မှတ်ပုံတင်အမှတ် ၉/ပသက(နိုင်)၀၄၇၄၈၆ မှ အောက်ပါ အတိုင်း ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။

ဖြစ်စဉ်အကျဉ်းမှာ-

၁။ကျွန်တော်သည် လွန်ခဲ့သော ၁၉၉၆ ခုနှစ်ဝန်းကျင်က ကျွန်တော် ပိုင်ဆိုင်သော ကျွန်တော်၏ လယ်မြေကွက်အား (ငွေပေးလယ်ပေါ်) ပုံစံဖြင့် ခေတ္တမျှ မိတ်ဆွေဖြစ်သူ ဦးခင်မောင်ဆွေ အား နှုတ်ကတိဖြင့် ပေါင်နှံထားခဲ့မိပါသည်။ ထို့နောက် ကျွန်ုပ် စားဝတ်နေရေး အနည်းငယ် ပြေလည်ခဲ့သဖြင့် အဆိုပါ လယ်မြေကွက်အား ပြန်လည်ရွေးနှုတ်ရန် ပြောဆိုခဲ့ပေမယ့် ၎င်းမှ လက်မခံခဲ့ပဲ သက်ဆိုင်ရာ ပုသိမ်ကြီးမြို့ လယ်ယာမြေစီမံခန့်ခွဲရေး မှ တာဝန်ရှိသူများနှင့် တိုင်ပင်ကာ အဆိုပါ လယ်ယာမြေကွက်အား ၎င်း အမည်ပေါက်ရရှိစေရေန် သတ်မှတ်လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကျော်လွန်၍ ဆောင်ရွက်နေသည်ကို ကြားသိခဲ့ရပါသည်။ ကျွန်ုပ်မှာ ထိုသို့ ကြားသိသည့်အချိန်မှစ၍ သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများထံ တိုင်ကြားစာများ၊ ကန့်ကွက်လွှာများ ရေးသားကာ ပေးပို့ခဲ့ပါသည်။

၂။ အမှန်တကယ်တွင် အဆိုပါ အချင်းဖြစ် လယ်ယာမြေ နှင့် ပတ်သက်၍ ပုံစံ(၇) တွင် အမည်ပေါက်ရရှိထားသူ ကျွန်ုပ် ဦးထွန်းသင်း မှ ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ ရေလောင်ကျေးရွာအုပ်စုသို့ (၂၉-၅-၂၀၀၈) ခုနှစ်တွင် ဥက္ကဋ္ဌ ဦးခင်မောင်ငြိမ်း နှင့် အဖွဲ့ဝင် အောင်နန္ဒကျော် တို့ တာဝန်ယူစဉ်အခါကလည်းကောင်း၊ (၂၉-၅-၂၀၁၇) ခုနှစ်တွင် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မိုး တာဝန်ယူစဉ်အခါကလည်းကောင်း အဆိုပါ ဖြစ်စဉ်အား မြေယာမှုခင်း ဖွင့်လှစ်တင်ပြခဲ့ကာ သက်ဆိုင်ရာ ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိများ၏ အဆုံးအဖြတ်ကို ခံယူရာ ကျွန်ုပ်မှ လယ်ယာမြေလုပ်ကိုင်ခွင့်နှင့် ပတ်သက်သော အထောက်အထားများ တင်ပြနိုင်ခဲ့သဖြင့် “ဦးထွန်းသင်း သာ လယ်ယာမြေလုပ်ကိုင်ခွင့် ပိုင်ဆိုင်သင့်ကြောင်း” အမိန့်ချမှတ်ခဲ့ပါသည်။

၃။ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်သည့် စာတွင်လည်း အဆိုပါ အချင်းဖြစ် လယ်ယာမြေကွက် ပိုင်ဆိုင်မှု နှင့် ပတ်သက်၍ ကျွန်ုပ် ဦးထွန်းသင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ထံ အဆိုပါ အငြင်းပွားမှုနှင့် ပတ်သက်၍ ကန့်ကွက်နေသည့်ကြားမှ လယ်ယာမြေလုပ်ကိုင်ခွင့် စာအုပ် ပုံစံ(၇) အား သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဦးခင်မောင်ဆွေအား ထုတ်ပေးခဲ့ပါသည်။

၄။ ဖြစ်စဉ်အမှန်မှာ အဆိုပါ အချင်းဖြစ်လယ်ယာမြေကွက်နှင့် ပတ်သက်၍ ကျွန်ုပ်၏ မိတ်ဆွေဖြစ်သူ ဦးခင်မောင်ဆွေထံ ခေတ္တ ပေါင်နှံခဲ့ခြင်းသာ ဖြစ်ပြီး တကြိမ်တခါမှ ရောင်းချခြင်းမျိုးလည်း မရှိခဲ့သလို မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့ခြင်းလည်းမရှိခဲ့ပါ။ ထို လယ်ယာမြေအား အရောင်းအဝယ် ပြုလုပ်ရန် မြေပုံကူးခြင်း၊ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းများ မရှိပါဘဲနှင့် ဦးခင်မောင်ဆွေ နာမည်ဖြင့် လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ် ပုံစံ(၇) အား ပုသိမ်ကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ မှ ထုတ်ပေးခဲ့ခြင်းမှာ တရားဝင်မှုမရှိပါဟု ကျွန်ုပ်တဆင့် ကြားသိရပါသည်။

၅။ အဆိုပါ အချင်းဖြစ်လယ်ယာမြေကွက်သည် ကျွန်ုပ်ကိုယ်တိုင် ယနေ့အချိန်ထိ သီးပင်စားပင်များ အမှန်တကယ် စိုက်ပျိုး ထွန်ယက်လုပ်ကိုင်နေသော လယ်ယာမြေကွက်လည်းဖြစ်ပါသည်။ မိတ်ဆွေဖြစ်သူ ဦးခင်မောင်ဆွေ မှာ အဆိုပါ လယ်ယာမြေကွက်ပေါ်တွင် မည်သည့် သီးနှံမျှ စိုက်ပျိုးထွန်ယက်ခြင်းများလည်း မရှိခဲ့ပါ။ ယခုအခါ ဦးခင်မောင်ဆွေ မှ အဆိုပါ အချင်းဖြစ် လယ်ယာမြေကွက်အား တခြားသောတစုံတစ်ယောက်ထံ အပြီးသတ် ရောင်းချလိုက်သည်ဟုလည်း ကျွန်ုပ် ကြားသိရပါသည်။

၆။ ထို့ကြောင့် အထက်ပါဖြစ်စဉ် နှင့် ပတ်သက်၍ ကျွန်ုပ်မှာ များစွာ ထိခိုက်နစ်နာရပါသဖြင့် အဆိုပါ လယ်ယာမြေအငြင်းပွားမှု ဖြစ်စဉ်အား နိုင်ငံတော်အကြီးအကဲများမှ စုံစမ်းစစ်ဆေး၍ တရားမဝင်လုပ်ဆောင်မှုများ၊ တည်ဆဲဥပဒေများအား ကျော်လွန်ကာ ဆောင်ရွက်ခြင်းများ ရှိခဲ့ပါက သက်ဆိုင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူပေးပါရန် ရိုသေလေးစားစွာ အသနားခံ တိုင်ကြားအပ်ပါသည်။


ဦးထွန်းသင်း(ဘ)ဦးဘကျော်

၉/ပသက(နိုင်)၀၄၇၄၈၆

ရေလောင်ကျေးရွာအုပ်စု၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)