ရန်ကုန်၊ ဒီဇင်ဘာ ၂၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပအပ်သော ၂၀၂၄ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ အောင်မြင်ကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုဆက်ကပ်လှူဒါန်းခြင်း (စူဠနှင်းသဘင်)အခမ်းအနား ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ အောင်ဗောဓိစေတီတော်မြတ်ကြီးရှိ သိမ်တော်ကြီး၌ ယနေ့နေ့လည်(၂)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလွင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ အောင်မြင်ကြသော ရဟန်း၊ သာမဏေ၊ သီလရှင် (၁၇၃)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလွင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ စာအောင်ဆု ဆက်ကပ်လှူဒါန်းခြင်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်ခဲ့ကြ၍ လှူဒါန်းမှူအစုစုအတွက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်မှ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
(စူဠဘွဲ့နှင်းသဘင်)အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ တေးသံရှင်များက ဓမ္မပူဇာတေးသီချင်းများဖြင့် ပူဇော်၍ ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment