တရားမအမှုလိုက် (လက်တွေ့) သင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမအမှုလိုက် (လက်တွေ့) သင်တန်းဖွင့်ပွဲ ကျင်းပ


ရန်ကုန်၊ ဒီဇင်ဘာ ၂၄

တရားမအမှုလိုက်(လက်တွေ့) ဘာသာရပ်သင်တန်းဖွင့်ပွဲနှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသော ဥပဒေအရာရှိများသည် နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ပါဝင်သော တရားမမှုများတွင် ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန် တာဝန်ရှိကြောင်း၊ တရားမမှုများသည် သဘောသဘာဝအရ အမှားမခံနိုင်သည့် အပြင် နိုင်ငံတော်ပိုင် ငွေကြေး၊ ပစ္စည်းများ ဆုံးရှုံးမှု မရှိစေရေးအတွက်အရေးကြီး၍ ဥပဒေအရာရှိများ အနေဖြင့် ဥပဒေနှင့်အညီ မှန်ကန်စွာအကြံပြုနိုင်ရေး၊ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဤသင်တန်းကပို့ချပေးသော သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြား လိုကြောင်း။

ယနေ့ကာလ အခြေအနေအရပ်ရပ်အရ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သည့်အတွက် လမ်းညွှန်ချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအကြံပြုခြင်းနှင့် တရားစွဲအမှုလိုက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ဖြူမာဝေနှင့် ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေ အရာရှိများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ယနေ့ဖွင့်လှစ်သည့် တရားမအမှုလိုက် (လက်တွေ့) ဘာသာရပ်သင်တန်းကို ရက်သတ္တတစ်ပတ်လျှင် နှစ်ရက်ဖြင့် နှစ်လကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံးရှိ ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများနှင့် ဒုတိယခရိုင် ဥပဒေအရာရှိများ တက်ရောက်ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)