မူပိုင်ခွင့်ဦးစီးဌာန၏ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မူပိုင်ခွင့်ဦးစီးဌာန၏ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၂၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)ညီလာခံခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက ဝန်ကြီးဌာန၏ “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်” ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်ကို အထောက်အပံ့ဖြစ်စေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့် ဥပဒေ (၄) ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ်တွင် အာဏာတည်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မူပိုင်ခွင့်လျှောက်ထားချက်များ စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စစ်ဆေးရေးအရာရှိ ဝန်ထမ်းများအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း စွမ်းရည်ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများအထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေးအတွက် ခိုင်မာသောမူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဦးစီးဌာန၏ မူပိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၏ မူပိုင်ခွင့်ခရီးလမ်း သမိုင်းမှတ်တမ်း Documentary ကိုပြသခြင်း၊ ဆုရရှိ သူများအား ဆုချီးမြှင့်ခြင်း၊ မွေးနေ့ကိတ်ခွဲခြင်းနှင့် ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)