ကျောက်ဆည် , ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သောပြည်သူများ ကိုယ်ပိုင်လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်စေရန်နှင့် ကျေးလက်နေ ပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေး ပင်တလည် ကျေးရွာအုပ်စု၊ ထားဝယ်ကျေးရွာတွင် (အခမဲ့) သင်ကြားပေးခဲ့ရှိသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက အဆိုပါသင်တန်းဖွင့်လှစ်ခဲ့သော (ယာယီ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းက လူသုံးကုန်ပစ္စည်းများ ကိုယ်ပိုင်ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများပေါ်ထွက်လာစေရန်၊ ပြည်တွင်းဖြစ်ထုတ်ကုန်များသည် နိုင်ငံခြားမှတင်သွင်းသော ကုန်ပစ္စည်းများကဲ့သို့ စံချိန်စံညွှန်းမီစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မြင့်မားစေရန်နှင့် ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ လူသုံးကုန်ထုတ်လုပ်သည့်လုပ်ငန်းများ ထူထောင်နိုင်ပြီး၊ အသေးစားစက်မှုလုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းကိစ္စရပ်များ တိုးတက်မြှင့်မားလာစေရန် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သော တစ်နိုင်တစ်ပိုင်လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းများ တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေများ တိုးတက်အောင် ဆောင်ရွက်ပြီး အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးမှူးဦးကျော်ထွန်းဦးက သင်တန်းသား/ သင်တန်းသူများအား ဘက်စုံသုံးဆပ်ပြာများ စတင်ထုတ်ထုတ်လုပ်ရောင်းချနိုင်ရေး ကုန်ကြမ်း (၁) ဖုံစီအား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသား/ သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment