အရာတော်မြို့နယ်အတွင်း KIA, PDF အကြမ်းဖက်အဖွဲ့များက လက်နက်အရောင်းအဝယ်၊ မူးယစ်ဆေးဝါးအရောင်းအဝယ် လုပ်ငန်းများ လုပ်ဆောင်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အရာတော်မြို့နယ်အတွင်း KIA, PDF အကြမ်းဖက်အဖွဲ့များက လက်နက်အရောင်းအဝယ်၊ မူးယစ်ဆေးဝါးအရောင်းအဝယ် လုပ်ငန်းများ လုပ်ဆောင်နေ


အရာတော်၊ ဒီဇင်ဘာ ၂၃

အရာတော်မြို့နယ်အတွင်း လက်နက်အရောင်းအဝယ်၊ မူးယစ်ဆေးဝါးအရောင်းအဝယ် လုပ်ငန်းများ ကို KIA, PDF အကြမ်းဖက်အဖွဲ့များက လုပ်ဆောင်နေကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည် ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုသည်။

သတင်းပေးပို့သူ က "အရာတော်မြို့နယ်၊ မကြီးကန်အုပ်စု၊ နောင်ကြီးအိုင်အုပ်စု၊ ရေယိုအုပ်စု၊ အုတ်ရှစ်ကြီး အုပ်စုများမှာ KIA,PDF ပူးတွဲ သင်တန်းကျောင်း ၆လ တစ်ကြိမ် သင်တန်းဆင်းပွဲရှိပါတယ်။ သင်တန်းဆင်းတိုင်း သတင်းပို့ပါတယ်။ ဘယ်ကမှ အလေးထားခြင်းမရှိပါဘူး။ KIA, PDF အဖွဲ့တွေက ရွှေတွင်းကုန်း၊ အိုးဘိုကုန်းရွာ၊ အုတ်ရှစ်ကြီးရွာ၊ နောင်ကြီးအိုင်ရွာများမှာ လက်နက်မျိုးစုံရောင်းပေးတယ်။ စိတ်ကြွရူးသွပ်ဆေးပြား WY ရောင်းတယ်။ လောင်းကစားဝိုင်းတွေ လုပ်တယ်။ သက်ဆိုင်ရာ လူကြီးမင်းများက မရှုပ်၊ မလုပ်၊ မပြုတ်တွေ ဆိုတော့ အရာတော်မြို့နယ်ဟာ စိုးရိမ်ရတဲ့ အနေအထားတစ်ခု ဖြစ်လာပါပြီ။" ဟု ပြောသည်။

အခြားဒေသခံတစ်ဦးက "အခု ရက်ပိုင်း မြို့ပေါ်က အုပ်ချုပ်ရေးပိုင်းက ဟာတွေလည်း ခေါင်းပြားအောင် မအိပ်ရဘူးလို့ ပြောတာပဲ။ KIA နဲ့ ပဒက်နဲ့ လာလုပ်မှာကို ကြောက်နေကြတာ။ ပြည်သူက သတင်းပေးတော့လည်း လုပ်တာမှ မဟုတ်တာ။ ပြည်သူ့မျက်နှာ မကြည့်တဲ့သူတွေ သူတို့လည်း ခေါင်းပြားအောင် မအိပ်ရဘူး။ နောက်ကျောမလုံကြတော့ဘူး။" ဟု ပြောဆိုသည်။

အရာတော်မြို့နယ်အတွင်း NLD လွှတ်တော်အမတ်လောင်း ဝဏ္ဏ၊ သော်က၊ ခင်မောင်လွင် တို့က KIA နှင့် ပူးပေါင်းလုပ်ဆောင်နေမှု အခြေအနေများကို လေ့ကျင့်ရေးတပ်သို့ သတင်းပေးပို့ကြောင်း၊ ၅၀၀၄ တပ်ကိုလည်း သတင်းပေးပို့ကြောင်း၊ မြို့မရဲစခန်းကို သတင်းပေးပို့သော်လည်း အကြမ်းဖက်နှိမ်နင်းရေး၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်း မရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)