ပြင်ဦးလွင်၊ ဒီဇင်ဘာ ၂၃
ပြည်တွင်း၌ ယခုအခါ ကော်ဖီရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသမှထွက် ရှိသော ကော်ဖီသီးမှည့်များကို Export ကုမ္ပဏီများနှင့် ကော်ဖီလုပ်ငန်းလုပ်ကိုင်ကြသောလုပ်ငန်းရှင်များက စတင်ဝယ်ယူနေကြောင်း ပြင်ဦးလွင်မြို့နယ် ကော်ဖီ သုတေသနနှင့် နည်းပညာပြန့်ပွားရေး ဗဟိုဌာနမှ သိရသည်။
လက်ရှိတွင် ပြင်ဦးလွင်ဒေသထွက် အရည်အသွေးကောင်းမွန်သော ကော်ဖီ သီးမှည့်များကို ကော်ဖီလုပ်ငန်းလုပ်ကိုင် ကြသောလုပ်ငန်းရှင်များက ဈေးကောင်း ပေး၍ ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။
"အခုဆိုရင် ပြည်တွင်းမှာ ကော်ဖီရာသီ စတင်နေပါပြီ။ ဒီနှစ်မှာ မိုးရွာတာစောတဲ့ အတွက် ကော်ဖီပွင့်တာ၊ သီးတာ အရင် နှစ်တွေကထက် နည်းနည်းစောပါတယ်။ အဲဒီအတွက်ကြောင့် အခုဆိုရင် ကော်ဖီ သီးတွေမှည့်တဲ့အနေအထားကို ရောက်ရှိ နေပြီဖြစ်ပါတယ်။ အရင်နှစ်တွေက အခုလို အချိန်မှာ မိုးနာသီးတွေ ရောနေတတ်တဲ့ အတွက် ကော်ဖီသီးမှည့်တွေကို ဝယ်တဲ့ သူတွေက နည်းနည်းနောက်ကျပြီးမှ ဝယ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ လုပ်ငန်းရှင်တချို့က စတင်ဝယ်ယူနေကြ ပါပြီ" ဟု ပြင်ဦးလွင်မြို့နယ် ကော်ဖီ သုတေသနနှင့် နည်းပညာပြန့်ပွားရေး ဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီမြင့်ကပြောသည်။
ယခုအခါ ပြည်ပကုမ္ပဏီများသို့ တင်ပို့ရောင်းချမည့် ပြည်တွင်းမှ Export ကုမ္ပဏီများနှင့် ကော်ဖီလုပ်ငန်းလုပ်ကိုင် ကြသော လုပ်ငန်းရှင်တချို့က ကော်ဖီသီး မှည့်များကို စတင်၀ယ်ယူနေကြပြီဖြစ်ကာ ထိုသို့ ပြည်ပတင်ပို့သောလုပ်ငန်းရှင်များ တွင် Speciality Coffee ကို ဝယ်ယူ ရောင်းချသူများရှိသကဲ့သို့ Commercial Grade Coffee ကို ဝယ်ယူရောင်းချသူများ လည်းရှိသည်။
မြန်မာနိုင်ငံ၌ ကော်ဖီသည် တန်ဖိုးမြှင့် ထုတ်ကုန်သီးနှံတစ်မျိုးဖြစ်သည့်အတွက် Speciality Coffee ကို ပြည်ပသို့တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိနေသကဲ့သို့ ပြည်တွင်း ၌လည်း ဖူလုံမှုရှိကြောင်း သိရသည်။
မြန်မာ့ကော်ဖီများသည် အရည်အသွေး ကောင်းမွန်ကာ Speciality Grade ကို မီသည့်အတွက် ပြည်ပမှ ကော်ဖီလုပ်ငန်း ရှင်များက ကြိုက်နှစ်သက်ကာ ပြည်ပ ဈေးကွက်အခြေအနေ ကောင်းမွန်လျက် ရှိသောကြောင့် နှစ်စဉ် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကော်ဖီတန်ချိန် ၂ဝ၀၀ နှင့်အထက် တင်ပို့နေရကြောင်း သိရသည်။
ဆောင်းဦး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment