ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၂၇

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စက်မှုဝန်ကြီးဌာနရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် MSME ထုတ် ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများက Virtual စနစ်ဖြင့်သတ်မှတ် နေရာများမှ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာဆိုင်ခန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ၊ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများအပါအဝင် ပြခန်းပေါင်း ၈၀ ကျော် ခင်းကျင်းပြသနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထုတ်ကုန်အမျိုးအစား များအတွက် ဆုအမျိုးအစားပေါင်း ၃၀ ကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို အဆင့်အတန်းရှိစွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီအဖွဲ့ဝင်များ အားလုံးက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းရှင်အချင်းချင်းသည် ပြပွဲ၊ ပြိုင်ပွဲများတွင် တွေ့ဆုံသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများ လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ ဝင်က MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပခဲ့မှုအခြေအနေများကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက်စီမံချက်များ ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများတွင် ပါဝင်ပြသမည့်အခြေအနေနှင့် အစီအမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေး တင်ပြကြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက ပြည်ထောင်စုအဆင့် ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်းရေး၊ ပြပွဲနှင့်ပြိုင်ပွဲအတွက် ကြိုတင်ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များ၊ ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရ မည့်ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)