အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ



ကန့်ဘလူ,  ဒီဇင်ဘာ ၂၇


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ) ကျောင်းတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာအခမ်းအနားကို အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက် Video Clip အား ပြသခဲ့သည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် ကျေးလက်နေပြည်သူတွေရဲ့ စီးပွားရေးနှင့်လူနေ မှုအဆင့်အတန်းမြင့်မားဖွံ့ဖြိုးတိုးတက်လာဖို့ အခြေခံကျတဲ့ အသိပညာဗဟုသုတတွေ တိုးပွားလာ အောင် လုပ်ဆောင်ကြရာတွင် ဖွင့်လှစ်ပြီး ကျေးရွာစာကြည့်တိုက်တွေ ရှင်သန်ရေးနဲ့ စာကြည့်တိုက်အသစ်တွေ တိုးချဲ့ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ကြရာမှာဖြစ်ကြောင်း၊ တစ်ဦးချင်းစီ စာဖတ်ကြဖို့နဲ့စာဖတ် အားကောင်းလာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက အသိပညာဗဟုသုတတွေ ပြည့်ဝတဲ့လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွန်းလာပြီး အသိပညာကြွယ်ဝတဲ့ လူ့ပတ်ဝန်းကျင်ကောင်းတွေနဲ့ တိုးတက်မှုတွေ ရရှိလာနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းပေးအပ်ရာ ကျောင်းအုပ် ဆရာကြီး ဒေါက်တာသော်ဇင်မျိုးက လက်ခံရယူခဲ့ပြီး ကျောင်းသားကျောင်းသူများက ထိန်းသိမ်းစို့လေ ပညာအမွေ သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက်ဆရာကြီး ဦးမောင်မောင်မြင့်က စာပေဖြင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောပြီး လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ပရဟိတ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့် ရည်မှန်းချက်စသည့် ခေါင်းစဥ်များဖြင့်ဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားသည်။


ယင်းနောက်တက်ရောက်လာကြသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)