နေပြည်တော်၊ ဒီဇင်ဘာ ၈
အိန္ဒိယနိုင်ငံ၊ Naval War College (NWC)မှ ဒုတိယကျောင်းအုပ်ကြီး Commodore Prashant Chandrasekharan ဦးဆောင်သော အရာရှိကြီးများ အဖွဲ့သည် လေ့လာရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂ ရက်တွင် ရောက်ရှိခဲ့ကြသည်။
အဆိုပါ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ဒီဇင်ဘာ ၃ ရက်နေ့တွင်ရန်ကုန်မြို့ရှိ India Centre သို့ သွားရောက် လေ့လာခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက်(နေပြည်တော်)၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး နှင့်မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်လေ့လာဖူးမြော် ကြည်ညိုခြင်း တို့ဆောင်ရွက်ခဲ့ကြသည်။
ဒီဇင်ဘာ ၅ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်၍ ပုဂံမြို့တွင်း နှင့် ပုဂံယဉ်ကျေးမှုပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြပြီး ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုခြင်းနှင့်စစ်ရေယာဉ်(မေယု)သို့ သွားရောက်လေ့လာခြင်းတို့ ဆောင်ရွက် ခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၊ Naval War College(NWC)မှ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သော အရာရှိကြီးများအဖွဲ့သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှအိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment