ပင်းတယ၊ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
ဓနုအမျိုးသားနေ့အခမ်းအနားတွင် MSMEs ပြပွဲအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဓနုအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝဏ္ဏဝင်း၊ MSMEs ကိုယ်စားလှယ် ဦးစိုးညွန့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒေသထွက်ကုန်၊ ထုတ်ကုန်များ ခင်းကျင်းပြသထားသည်ကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အခမ်းအနားတွင် မိုင်းလီကျေးရွာအုပ်စု ဓနုတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း က အမှာစကားပြောကြားခဲ့သည်။
ဓနုအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝဏ္ဏဝင်း က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကျေးရွာအုပ်စုအလိုက် ယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ပြေတင်ဆက်မှုများဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
အမျိုးသားနေ့အခမ်းအနားတွင် ကပြဖျော်ဖြေတင်ဆက်ကြသည့် ယဉ်ကျေးမှုအဖွဲ့များကို ဦးအာကာလင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ခင်စန္ဒာစိုး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းထက်ဇော်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးရဲလင်းမောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃) ဦးကျော်ကျော်ဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၄) ဒုတိယရဲမှူးကြီး နေလင်း တို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment