ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာအနီးရှိ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်တွင် ပိုင်ရှင် အမျိုးသမီးနှင့် ဝန်ထမ်း ၁ဦးကို PDF အကြမ်းဖက်သမားများ က ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာအနီးရှိ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်တွင် ပိုင်ရှင် အမျိုးသမီးနှင့် ဝန်ထမ်း ၁ဦးကို PDF အကြမ်းဖက်သမားများ က ရက်စက်စွာ သတ်ဖြတ်


ညောင်ဦး၊ ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာအနီးရှိ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်တွင် ပိုင်ရှင်ဖြစ်သူ ဒေါ်ရီရီမြင့်နှင့် ဝန်ထမ်းအမျိုးသမီး ၁ဦး ကို ၈-၁၂-၂၀၂၄ ရက်နေ့ ၀၉:၄၅ အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများ က ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။

ဒေါ်ရီရီမြင့်နှင့် အဖော်ဖြစ်သူ ဒေါ်ချောစု စက်သုံးဆီအရောင်းဆိုင်တွင် ရှိနေစဉ်  PDF အကြမ်းဖက်သမား ၇ဦး စက်သုံးဆီဆိုင် တောင်ဘက်မှ ရောက်ရှိလာပြီး ဒေါ်ရီရီမြင့်နှင့်ဆိုင်အကူ ဒေါ်ချောစုတို့အား လက်နက်ငယ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ ဒေါ်ရီရီမြင့်တွင် ဦးခေါင်းနောက်စေ့ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဒေါ်ချောစုတွင် ဦး ခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ချက်၊ယာ-မေးရိုးဖောက်ဝင် ဒဏ် ရာ ၁ချက်တို့ အသီးသီးရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)