ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဦးမျိုးသန့် Naypyitaw State Academy အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေသည့် အခြေအနေကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဦးမျိုးသန့် Naypyitaw State Academy အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေသည့် အခြေအနေကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဒီဇင်ဘာ ၆

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဦးမျိုးသန့်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယမန်နေ့က Naypyitaw State Academy အတွင်း တည်ဆောက်နေသည့် ဘွဲ့နှင်းသဘင်ခန်းမ၊ Recreation Center ၊ စာသင်ဆောင်များ၊ အိပ်ဆောင်နှင့်ထမင်းစားဆောင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် Naypyitaw State Academy ၏ ပင်မဆောင်အရှေ့ရှိ Recreation Park ကို တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ သစ်ပင်ပန်းမန်များ၊ ရေပန်းအလှများ၊ မီးအလှများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ လက်ရာသေသပ်ကောင်းမွန်စေရေး၊ သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဘွဲ့နှင်းသဘင် ခန်းမတည်ဆောက်ရေးလုပ်ငန်း ခွင်သို့ရောက်ရှိပြီး အရည်အသွေးအကောင်းဆုံးဖြင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးရန်မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Naypyitaw State Academy ရှိ (၆ ထပ်) စာသင်ဆောင်သို့သွားရောက်၍ ပညာသင်ကြားနေသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ Naypyitaw State Academy သည် စဉ်းစားတွေးခေါ် ဖန်တီးမှုကို အားပေးသော၊ အရည် အသွေးပြည့်ဝသော သင်ကြား၊ သင်ယူ ၊ လေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များသင်ယူရာ တက္ကသိုလ်ဖြစ်ပါကြောင်း၊ တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါရပ်နှင့် ပြည့်စုံစေရန် (၆ ထပ်) စာသင် ဆောင်အသစ်များ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ Recreation Center၊ ကျောင်းသားအိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများကို ဖြည့်ဆည်းတည်ဆောက်ပေးလျက်ရှိပါကြောင်း။

ကျောင်းသားဗဟိုပြု သင်ကြားမှုစနစ်ကို အကောင်အထည်ဖော်နိုင်ရန် အရည်အသွေးရှိသော သင်ကြား၊ သင်ယူမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စာသင်ခန်းတိုင်းအတွက် Interactive Smart Blackboard များကိုလည်း တပ်ဆင်ပေးထားသည့်အပြင် Up- to-Date ဖြစ်သည့် Textbooks များ၊ ခေတ်မီလက်တွေ့ခန်းသုံး ပစ္စည်းများ၊ Internet Access နှင့် e-library အပါအဝင် သင်ထောက် ကူပစ္စည်းများကို ပြည့်စုံစွာ ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါကြောင်း၊ အထူးပြုဘာသာရပ်များကို သင်ကြားပို့ချမည့် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား စဉ်းစားတွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးနိုင် မှုစွမ်းရည်များမြင့်မားပြီး စိတ်ဓာတ်နှင့် ခံယူချက်မှန်ကန်ကောင်းမွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတော်က အားကိုးအားထားပြုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားကာ စာသင်ဆောင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)