စစ်ကိုင်း၊ ဒီဇင်ဘာ ၃၁
ယင်းမာပင်ခရိုင်တရားရုံးက တရားခံ (၃) ဦးအား ၂၇-၁၂-၂၀၂၄ ရက်တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF အဖွဲ့ ဝင်များထံ ရိက္ခာများထောက်ပံ့ပေးခြင်း၊ တပ်မတော်စစ်ကြောင်းများ၏လှုပ်ရှားသွားလာမှုများနှင့် စခန်းများအား စောင့်ကြည့်၍ အကြမ်းဖက်သမားများထံ သတင်းပေးခြင်းများပြုလုပ်ခဲ့သည့် တရားခံ ရဲဇာနည်အောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်မှုများကို လုပ်ဆောင်နေသော CRPH, NUG, PDF အဖွဲ့များအား ဆားလင်းကြီးမြို့နယ် လူမှုကူညီရေး အသင်းဖြစ်သည့် စာနာစိတ်နှင့် ကရုနာရှင်များအသင်းမှ အလှူရှင်များ လှူဒါန်းထားသည့် မော်တော်ယာဉ်ကို အကြမ်းဖက် PDF များ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ပေးခဲ့သည့်တရားခံ ခင်မောင်စည်(ခ)ဇင်မင်းသန့်အား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ကနီမြို့နယ် ၂၄ မိုင်တောတိုက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF များထံ ငွေကြေးထောက်ပံ့ပေးခြင်း၊ ၎င်း၏ ဖုန်းထဲတွင် အကြမ်းဖက်များအား အားပေးထောက်ခံသည့်စာသားများတွေရှိခဲ့သည့် တရားခံ မျိုးမင်းသန့်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။
အလားတူ ၂၇-၁၂-၂၀၂၄ ရက်တွင် ကသာမြို့နယ်တရားရုံးက တရားခံ (၃) ဦးအား ဖော်ပြပါ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
အင်းတော်မြို့နယ် ရွာရှည်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဖဲကြိုးနီကမ်းပိန်းပြုလုပ်ရာတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ မော်လူးမြို့တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် နဘားခွဲရုံသို့ တွဲဘက်တာဝန်ထမ်းဆောင်ရန် ညွှန်ကြားမှုအား လိုက်နာမှုမရှိဘဲ အကြမ်းဖက်များနှင့်ပူးပေါင်းကာ လျှပ်စစ်ဖြန့်ဖြူးခြင်းလုပ်ငန်းများအား ပါဝင်ကူညီဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်သမားများ၏ နေထိုင်ရာနေရာများအား သတင်းပို့ရန်ပျက်ကွက်ခဲ့သည့် တရားခံ အောင်နိုင်ဝင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
အင်းတော်မြို့နယ် စီမော်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဖဲကြိုးနီကမ်းပိန်းပြုလုပ် ရာတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ မော်လူးမြို့တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် နဘားခွဲရုံသို့ တွဲဘက်တာဝန်ထမ်းဆောင်ရန် ညွှန်ကြားမှုအား လိုက်နာမှုမရှိဘဲ အကြမ်းဖက် များနှင့်ပူးပေါင်းကာ လျှပ်စစ်ဖြန့်ဖြူးခြင်းလုပ်ငန်းများအား ပါဝင်ကူညီဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်သမားများ၏နေထိုင်ရာနေရာများအား သတင်းပို့ရန်ပျက်ကွက်ခဲ့သည့် တရားခံ အောင်ကျော်ဖြိုးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် ပင်လုံကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဖဲကြိုးနီကမ်းပိန်းပြုလုပ် ရာတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ မော်လူးမြို့တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် နဘားခွဲရုံသို့ တွဲဘက်တာဝန်ထမ်းဆောင်ရန် ညွှန်ကြားမှုအား လိုက်နာမှုမရှိဘဲ အကြမ်းဖက်များနှင့်ပူးပေါင်းကာ လျှပ်စစ်ဖြန့်ဖြူးခြင်းလုပ်ငန်းများအား ပါဝင်ကူညီဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်သမားများ၏ နေထိုင်ရာနေရာများအား သတင်းပို့ရန်ပျက်ကွက်ခဲ့သည့် တရားခံ စိုးသူအောင်(ခ)တရုတ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
အလားတူ ၂၇-၁၂-၂၀၂၄ ရက်တွင် မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက တရားခံ (၃) ဦးအား ဖော်ပြပါ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ် သနပ်မြောင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဖြူးမြို့နယ် လယ်ပြင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန၌ လက်ထောက်ကျန်းမာရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်၍ မိမိရွာသို့ပြန်လာခြင်း၊ အကြမ်းဖက် PDF များအား ဆေးကုပေးရန်ဖွဲ့စည်းသည့် စေတနာဦး ဆေးအဖွဲ့တွင် ကျန်မာရေးမှူးအဖြစ် လုပ်ကိုင်ပေးခြင်း၊ တပ်မတော်စစ်ကြောင်းများအား အကြမ်းဖက် PDF များမှ မိုင်းထောင်ဖောက်ခွဲမှုများအား သိရှိခြင်း၊ ပုသိမ်-မုံရွာလမ်းရှိ ဆားလင်းကြီးမြို့အဝင် ဘုရားအနီးတွင် ဓားမဆိုင်းအကြမ်းဖက် PDF အဖွဲ့မှ ခရီးသွားပြည်သူများအား လက်လုပ်သေနတ်များဖြင့် အဓမ္မဆက်ကြေးကောက် ဓားပြတိုက်နေသည်ကိုမြင်တွေ့ခြင်းများကြောင့် တရားခံ မျိုးကိုကိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မုံရွာမြို့ အကြမ်းဖက် PDF ခေါင်းဆောင် အာကာဝင်းဇော်မြင့်(ခ)အားကူး၏ K Pay အကောင့်ထဲသို့ ၁၃၅သိန်း ၅ သောင်းကျပ်လွှဲပေး၍ တရားမဝင်သစ်များအား သယ်ဆောင်ခြင်း၊ ဂန္တဝင်မုံရွာစားသောက်ဆိုင်၊ KTV နှင့် သစ်ကားကယ်ရီလုပ်ကိုင်နေသည့် အောင်ဆန်းအား အကြမ်းဖက် PDF များမှ ပြန်ပေးဆွဲသတ်ဖြတ်ရန်ကြံစည်နေမှုအား အကြမ်းဖက် PDF ခေါင်းဆောင် အာကာဝင်းဇော် မြင့်(ခ)အားကူးနှင့်ချိတ်ဆက်၍ ၅သိန်းကျပ်ပေးပြီး ကူညီရန် ညှိနှိုင်းပေးခြင်း၊ ဖမ်းဆီးထား သည့်သစ်ကားများအတွက် မုံရွာမြို့ အကြမ်းဖက် PDF ခေါင်းဆောင် အာကာဝင်းဇော်မြင့် (ခ)အားကူးထံတွင် သိန်း ၈၀၀ ကျပ်ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မုံရွာမြို့အနီးဝန်းကျင်၌ လှုပ်ရှားနေသော အကြမ်းဖက် PDF အဖွဲ့ပေါင်းစုံနှင့် ငွေကြေးပေးညှိနှိုင်း၍ တရားမဝင်သစ် များသယ်ဆောင်နေသည့်တရားခံ သူရကျော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် (တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၃။ မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မုံရွာမြို့ ဂန္တဝင်မုံရွာစား သောက်ဆိုင်၊ KTV နှင့်သစ်ကားကယ်ရီလုပ်ကိုင်ပြီး အကြမ်းဖက် PDF များမှ ပြန်ပေးဆွဲ သတ်ဖြတ်ရန်ကြံစည်နေမှုအား ညှိနှိုင်းပေးရန်အတွက် သူရကျော်အား အကူအညီတောင်းခံခြင်း၊ မုံရွာမြို့အနီးဝန်းကျင်၌ လှုပ်ရှားနေသော အကြမ်းဖက် PDF အဖွဲ့ပေါင်းစုံနှင့် ငွေကြေးပေး ညှိနှိုင်း၍ တရားမဝင်သစ်များသယ်ဆောင်နေသည့်တရားခံ အောင်ဆန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ထို့အတူ ၂၇-၁၂-၂၀၂၄ ရက်တွင် မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက တရားခံ (၆) ဦးအား ဖော်ပြပါ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ် အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF များထံသို့ ငွေကြေးအကြိမ်ကြိမ်ထောက်ပံ့ပေးခြင်း၊ လူမှုကွန်ရက်ပေါ်မှတဆင့် အကြမ်းဖက်အဖွဲ့နှင့်ချိတ်ဆက်၍ ထောက်ပို့တပ်သားလုပ်ချင်လို့ပါဟု ပြောဆိုဆက်သွယ်ခဲ့သည့် တရားခံ ကျော်ဇင်ထွေး(ခ)ချစ်ထွေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(ခ) အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ (တစ်ပေါင်း တည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အေးမျိုးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စောင့်ကြည့်ပေးပြီး မိုးလေး(ခ)ရေမိုး၊ ဖိုးလပြည့်နှင့် တင်အောင်လင်း(ခ)ကိုလေးတို့မှ မိုင်းထောင်ဖောက်ခွဲရန်အတွက် ကျင်းတူပြီး ကျောပိုးအိတ်ဖြင့် သယ်ဆောင်လာသည့်မိုင်း အား ထောင်ခဲ့ကြသည့် တရားခံ တင်အောင်လင်း(ခ) ကိုလေး၊ မိုးလေး(ခ)ရေမိုးနှင့် အေးမျိုးတို့ ၃ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ (တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချ မှတ်လိုက်ကြောင်း သိရသည်။
မုံရွာမြို့ သလ္လာဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ၎င်း၏တူဖြစ်သူ ကျော်စွာသည် ကနီမြို့နယ် အကြမ်းဖက် PDF အဖွဲ့ထဲသို့ဝင်ရောက်သည်ကို သိရှိခြင်း၊ အကြမ်းဖက် PDF ကျော်စွာမှ နေအိမ်သို့ရောက်ရှိလာသဖြင့် ငွေကြေးနှင့် ရိက္ခာများထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ ပြည့်ဖြိုးကျော်(ခ)ကိုဖြိုးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် (တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ကလေးမြို့ မြို့သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ကလေးဝမြို့နယ် ဂုံးကျေးရွာတွင် ၎င်းသယ်ဆောင်လာသော စပါးများအားအကြမ်းဖက်သမား PDF များမှဖမ်းဆီး၍ စပါးများအား ယူဆောင်ထားပြီး ကားများအားပြန်လွှတ်ပေးခြင်း၊ KIA သောင်းကျန်းသူအဖွဲ့ ကလေးဝမြို့နယ် ကွပ်ကဲရေးမှူး ဒူဝါပြုံးကြီးမှ ဖုန်းဖြင့်ဆက်သွယ်၍ ရည်စားစကားပြောကြားရာ စပါးများ ပြန်ရလိုရငြား လက်ခံခဲ့ခြင်း၊ ဒူဝါပြုံးကြီးမှ အတူတကွနေထိုင်ရန် ရေဦးမြို့နယ် တင်းတိမ်ယံရွာသို့ လာရောက်ရန်ပြောသဖြင့် သွားရောက်နေထိုင်ခြင်း၊ ၎င်းရွာ၌နေထိုင်စဉ် အကြမ်းဖက်သမားများမှ မောင်းပြန်သေနတ်များကိုင်ဆောင်၍ သွားလာနေသည်ကို တွေ့ရှိ ခြင်း၊ KIA သောင်းကျန်းသူအဖွဲ့ ကလေးဝမြို့နယ် ကွပ်ကဲရေးမှူး ဒူဝါပြုံးကြီးနှင့်အတူတကွ သွားလာနေထိုင်ခဲ့သည့် တရားခံ ယမင်းသူ(ခ) ယမင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment