ပဲခူး၊ ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပူဇော်ပွဲ ပဲခူးမြို့ ဆုတောင်ပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ဇန်နဝါရီလ(၁)ရက်နေ့မှ(၃)ရက်နေ့အထိ(၃)ညတိုင်တိုင် ပူဇော်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ဇန်နဝါရီ(၁)ရက်နေ့ ညတွင် ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်(စာချ)၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ သာသနာ့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုန္ဒရမှလည်းကောင်း၊ ဇန်နဝါရီလ(၂)ရက်နေ့ညတွင် ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် သာသနာ့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယမှလည်းကောင်း၊ ဇန်နဝါရီလ(၃)ရက်နေ့ညတွင် ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယက၊ သာသနာ့ဓဇဓမ္မာစရိယ၊မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇနိတဆရာတော်မှလည်းကောင်း ညစဥ်(၇) နာရီအချိန်မှစတင်၍ တရားတော်များကိုဟောကြားပေးသွားကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment