တောင်သာမြို့နယ်၊ ဆင်ဖြူကျေးရွာ ပြည်သူ့စစ်များကို PDF အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်သာမြို့နယ်၊ ဆင်ဖြူကျေးရွာ ပြည်သူ့စစ်များကို PDF အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်


တောင်သာ၊ ဒီဇင်ဘာ ၃၁

အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆင်ဖြူကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးဝင်းကိုကိုဦး ဦးစီး အင်အား ၁၀ဦးခန့် အခြေပြုကာ လုံခြုံရေးဆောင်ရွက်နေသည့် နေရာသို့ ၃၀-၁၂-၂၀၂၄ ရက်နေ့ ၀၆:၁၅ PDF အင်အား ၃၀ဦးခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၀၆:၄၅ အချိန်တွင် အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နေရာသို့ ကျောဇီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းရာ PDF အကြမ်းဖက်သမားများက ပြည်သူ့ စစ်အဖွဲ့အတွက် ထုတ်ပေးထားသည့် M-22 ၁လက်၊ ပြောင်းချော ၂လက်တို့ ယူဆောင်သွားကာ  ကျေးရွာအတွင်းရှိ ထန်းလက်တဲ ၃လုံး၊ လူမှုကူညီရေးအသင်းပိုင် ကား ၁စီးတို့အား မီးရှိူ့ ဖျက်ဆီးသွားကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)