မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာအပါအဝင် ပြည်သူ့စစ်ကျေးရွာများမှာ စားနပ်ရိက္ခာလိုအပ်နေမှု၊ PDF အကြမ်းဖက်သမားများကို တုန့်ပြန်ခြေမှုန်းနိုင်ဖို့ လက်နက်ခဲယမ်း လိုအပ်မှုအခြေအနေများကို ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရဲ့ ဆက်သွယ်အကူအညီတောင်းခံမှုများအပေါ် အခြေခံပြီး ပေါက်ကိုယ်တော် အနေနဲ့လည်း တာဝန်ရှိသူများ ကူညီဆောင်ရွက်ပေးဖို့ အကြိမ်အခါခါ တင်ပြခဲ့တာရှိသလို မီဒီယာများမှလည်း ဆက်သွယ်ပြောဆိုလာသည့် အခါတိုင်း ဖော်ပြပေးခဲ့ပါတယ်။
တာဝန်ရှိသူများရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဆိုတာ ဘယ်သူအတွက်လည်း ကိုယ့်အတွက်လား၊ အများပြည်သူအတွက်လား ဆိုတာကို တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများ ကိုယ်တိုင် ပြန်လည်ဆန်းစစ်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ယခုလို အကြမ်းဖက်ဘေးဒဏ်သင့်နေတယ်။ ဒါကို မြို့နယ်အဆင့်ကလည်း ကူညီဖြေရှင်းမပေးနိုင်ဘူးဆိုရင် ခရိုင်အဆင့်ကို တင်ပြလို့ရတယ်။ ခရိုင်အဆင့်က ကူညီမှုမပေးနိုင်ဘူးဆိုရင် တိုင်းဒေသကြီးအဆင့်ထိ တင်ပြလို့ ရတယ်။
ပေါက်မြို့နယ်အတွင်းက ပြည်သူ့စစ်ကျေးရွာများမှာ စားနပ်ရိက္ခာလိုအပ်နေမှုအခြေအနေ၊ လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေတဲ့ အခြေအနေတွေဟာ တစ်တိုင်းပြည်လုံး သိနေတဲ့အချိန်မှာ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် တာဝန်ရှိသူများက မသိဘူးဆိုရင်လည်း မျက်စိပိတ်ထားသလား၊ နားပိတ်ထားတာလားလို့ပဲ မေးရတော့မှာ ဖြစ်ပါတယ်။ ဒီနေရာ ဒီဒေသတွက် တာဝန်တွေ ပေးထားတယ်၊ လုပ်ပိုင်ခွင့်တွေ ပေးထားတယ်ဆိုတာကလည်း ဒီနေရာ ဒီဒေသမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
ပေါက်မြို့နယ် ကုက္ကိုစုရွာမှာ PDF အကြမ်းဖက်သမားများက ဒရုန်းများနဲ့ စဉ်ဆက်မပြတ် တိုက်ခိုက်နေလို့ ဘုန်းတော်ကြီးကျောင်းပါ ရစရာမရှိအောင်ဖြစ်နေတဲ့ အခြေအနေကို ဒေသခံတွေက ဓာတ်ပုံမှတ်တမ်းများနဲ့ ပေးပို့လာလို့ တွေ့မြင်ရတာ စိတ်ပျက်ဝမ်းနည်းဖွယ်ရာပါ။
ဒေသခံရေးသား ပေးပို့ထားတာက "မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစု ပြည်သူ့စစ်ကျေးရွာကို PDF အကြမ်းဖက်သမားများက ၂၄-၁၂-၂၀၂၄မှစ၍ Drop Bomb များချနေပါသည်။ ယခု၂၉-၁၂- ၂၄ရက်နေ့ထိ ချနေပါသည်။ PDF အကြမ်းဖက်သမားများ Drone လွှင့်တင်သည့် နေရာမှာ သနပ်ပင်ဇင်းကျေးရွာ က တစ်နေရာ၊ အင်ပင်ကျေးရွာ က တစ်နေရာ၊ ဆယ်ပင်ကျေးရွာ က တစ်နေရာ၊ ကမ်းပျို က နေလည်း လွှတ်ပါသည်။ PDF အကြမ်းဖက်အဖွဲ့ ၏ ပင်မအထိုင်စခန်းသည် ကမ်းပျိုဖြစ်ပါသည်။ PDF အကြမ်းဖက်သမားများ Drone များလွှင့်တင်သည့် ရွာများကို လေကြောင်း မှ ပစ်ခတ်ရှင်းလင်းပေးစေချင်ပါသည်။ အထက်လူကြီးမင်းများ သိရှိစေရန်တင်ပြအပ်ပါသည်။" လို့ ရေးသားပေးပို့လာပါတယ်။
ဒေသခံတွေက ပေါက်ကိုယ်တော်ထံ ဆက်သွယ်ပြောဆိုမှုမှာ "ကမ်းပျိုရွာ၊ အင်ယာရွာ၊ မုန်တောရွာ၊ ဆူးလေကုန်းရွာ PDF ပင်မအထိုင်စခန်းရွာတွေကို ဘာကြောင့်မို့ မလုပ်ရတာလဲလို့ မေး ပေးပါအုံးအရှင်ဘုရား၊ တပည့်တော်တို့ ရွာက ဘုန်းကြီးကျောင်းလည်း ရစရာတစ်ခုမှ မရှိတော့ဘူး အရှင်ဘုရား၊ ရေပြာနဲ့ မြင်းခြံကုန်းကျေးရွာ PDF အကြမ်းဖက်စခန်းက ကျော်စိုး သားအဖွဲ့ ၊ မကျီးစင်ကျေးရွာ က PDFရွာ၊ အဲဒီရွာတွေကို ဒီ တိုင်းပဲကြည့်နေတာ့မှာလားလို့ မေးပေးပါအုံး အရှင်ဘုရား" လို့ လျှောက်ထားပါတယ်။
အခု ပေးပို့လာတဲ့ ပုံတွေက PDF အကြမ်းဖက်သမားတွေရဲ့ Drop Bomb ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးရမှု အခြေအနေ ဖြစ်ပါတယ်။ နီပိန်း ပဒက် က ယုတ်မာတယ်။ ဒီလို လုပ်ရပ်တွေကို တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် နှိမ်နင်းရမှာ မဟုတ်ပါလား။
ဒေသခံ ပြည်သူများအနေနဲ့ မေးသင့်တဲ့ မေးခွန်းတွေကို မေးခြင်းဖြစ်ပါတယ်။ ဒေသခံပြည်သူများ သိချင်သည့် အဖြေရဖို့ကို ဆရာတော်ကလည်း မကြာခဏ ဒီအကြောင်းတွေကို တင်ပြပါတယ်။ တာဝန် နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေကို ဒေသခံ ပြည်သူများရဲ့ ကိုယ်စား ထပ်ဆင့် မေးခွန်း ထုတ်ချင်တာက တာဝန်နဲ့ လုပ်ပိုင်ခွင့် ဆိုတာဘာလဲ၊ တည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလုပ် လုပ်နေကြတာလား။ အကြမ်းဖက်သမားတွေကို လွတ်လပ်ခွင့် ပေးထားပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့ အချိန်မှာ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက ဘာမှ တာဝန်ယူမှု တာဝန်ခံမှု မရှိကြတော့ဘူးလား။ အကြမ်းဖက်သမားတွေကို မွေးထားတာလား လို့ပဲ မေးခွန်းထုတ်ချင်မိပါတယ်။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment