မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် လူထုစုပေါင်းလမ်းလျှေက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် လူထုစုပေါင်းလမ်းလျှေက်ပွဲ ကျင်းပ





မုံရွာ၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ် ရှိတက္ကသိုလ်/ ဒီဂရီကောလိပ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နေ ပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။ 

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်ရပ်ကွက်နေပြည်သူ အင်အား ၄၀၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်ရှိ သက်မှတ် နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံ ဝှေ့ရမ်းကာ သက်မှတ်နေရာများမှ စတင်၍ ပြင်ထောင်စုရင်ပြင်မှ အနောက်ဘက်ကန် သာယာကန်တစ်ပတ်အား ကန်ပတ်လမ်းတစ်လျှောက် တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ယင်းနောက် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင် ရောက်ခဲ့ကြပြီး အဆိုပါရင်ပြင်၌ ၆ ပေခြား စနစ်တကျနေရာယူကြကာ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ်(၁)အမှတ်စဉ်(၂) သရုပ်ပြသမှုနှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူလေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်း လျှောက်ပွဲသို့ တက်ရောက်လာသူများအား လူမှုရေးရာဝန်ကြီးဌာနမှ ဧည့်ခံကျွေးမွေးသည့်နံနက်စာများအား တပျော်တပါး စားသုံးနေမှုများနှင့် ကံစမ်းမဲများဖွင့် ဖောက်ပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးကာ ဆုမဲပေါက်သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)