ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်ပနားဗွာ - လင်ကွင်း - ထီရီ(မွေးမြူရေးဇုန်) – ရွှေညောင်တည်ဆောက်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်ပနားဗွာ - လင်ကွင်း - ထီရီ(မွေးမြူရေးဇုန်) – ရွှေညောင်တည်ဆောက်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး





တောင်ကြီး၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ကျော်ဝင်းနှင့်အတူ လေးမိုင်ကွေ့ - နောင်ထလီ - ညိုမီး - နောင်ပနားဗွာ - လင်ကွင်း - ထီရီ (မွေးမြူရေးဇုန်) - ရွှေညောင်လမ်းပိုင်းတွင် ကုန်တင်ယာဉ်ကားကြီးများသွားလာနိုင်ရန်အတွက် မတ်စောက်သည့်နေရာ တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၁၁ နာရီက အတက်အဆင်းမြင့်မားသော မိုင်တိုင်အမှတ် (၄/၃)နှင့် မိုင်တိုင်အမှတ် (၆/၂)တို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ လေးမိုင်ကွေ့- နောင်ထလီ - ညိုမီး - နောင်ပနားဗွာ - လင်ကွင်း - ထီရီ(မွေးမြူရေးဇုန်) - ရွှေညောင်လမ်း အတက်အဆင်းမြင့်မားသော မိုင်တိုင်အမှတ်(၄/၃)နှင့် မိုင်တိုင်အမှတ်(၆/၂)တို့တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးရေးအတွက် တောင်ကြီးမြို့၊ မြို့ရှောင်လမ်းဖြစ်သည့်နေရာများအား လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူတို့က စက်ယန္တရားများဖြင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရန် လမ်းအတတ်အဆင်းမတ်စောက်ခြင်း၊ မြေညှိခြင်း(မြေသားလုပ်ငန်း) ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့ရှောင်လမ်းဘေးရှိ မြေနေရာများအား စိစစ်ရန်၊ လမ်းနယ်မြေဧရိယာများသတ်မှတ်ပေးရန် လိုအပ်ပါကြောင်း၊ မြေအသုံးချမှုကို သေချာစိစစ်ဆောင်ရွက်ပြီး စနစ်တကျအသုံးပြုရန်၊ စနစ်တကျရှိသော လမ်းနှင့် စနစ်တကျရှိသော မြို့ပြဖြစ်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးကြရန်၊ မြေညှိခြင်းလုပ်ငန်း၊ ယာဉ်သွားလာမှုပုံမှန်ဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လမ်းများရေရှည်ကောင်းမွန်ရေး စနစ်တကျဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)